Sunday, November 26, 2017

Xiaomi Phone များ Firmware တင်ပြီးလို့ Logo ဘဲ လည်နေရင် ဖြေရှင်းနည်း

Xiaomi Phone များ Fastboot Mode ကနေဘဲ ဖြစ်ဖြစ် ၊ 9008 Mode ကနေဘဲ ဖြစ်ဖြစ် Version Upgrade လုပ်တာ ( သို့မဟုတ် ) Firmware တင်ပြီးတဲ့ အချိန်မှာ Logo ဘဲ လည်နေပါက
မိမိရဲ့ ဖုန်းကို Vol Up + Power အသုံးပြုပြီး Recovery Mode ဝင်လိုက်ပါ။ ပြီးရင် adb comment box ခေါ်ပြီး
adb devices စစ်ပါ။ အောက်မှာ ကိန်းဂဏန်းတွေနဲ့ ဘေးမှာ sideload ဆိုပြီး ပြရင် device သိသွားပါပြီ။
ဥပမာ ။ ။ 1234 sideload
ပြီးရင် adb format-data ရိုက်ပေးလိုက်ပါ။
format_data_success ဖြစ်သွားရင်
adb reboot ချပေးလိုက်ပါ။
ပြန်တက်လာရင် android စာတန်းလေးနဲ့ အတန်းလေးပြေးပြီး Firmware တက်လာပါလိမ့်မည်။
👍 ဒုတိယနည်း 👍
ကတော့ ပထမနည်းနဲ့ အဆင်မပြေဘူးဆိုရင် ဒီနည်းလမ်းကို အသုံးပြုပါမည်။
လိုအပ်တဲ့ အရာကတော့ မိမိအသုံးပြုမဲ့ Firmware ထဲက persist.img ကို ယူပြီး
Bootloader Unlock အလုံးဆိုရင်
fastboot flash persist persist.img လုပ်ပေးလိုက်ပါ။
Bootloader Lock အလုံးဆိုရင်
persist.img ကို
rawprogram0.hml ကို ပြင်ပြီး ဖြစ်စေ၊ emmcdl အသုံးပြုပြီး ဖြစ်စေ အသုံးပြုပြီး သွင်းပေးကြပါ။
ဒါဆိုရင်လည်း အဆင်ပြေတတ်ပါသည်။
အားလုံးဘဲကျေးဇူးတင်ပါသည်။
အောင်မင်းဟန်

No comments: