Wednesday, February 25, 2015

Coolpad 5217 SaveBrick Firwmare


 Root ဖောက်ရင်း(သို့) boot ဖိုင်မှားထည့်မိတာတို့လုပ်မိပြီး Logo မှာ ရပ်နေတတ်ပါတယ်
အမြန်ဆုံး Firwmare ပြန်ရေးနိုင်အောင် Firwmare  တင်နည်းလေးမျှဝေလိုက်ပါတယ်ခင်ဗျ
Driver မရှိပါက Driver အရင်တင်ပါ။
ပြီးရင် Phone ကို သက်ဆိုင်ရာ Key များနဲ့ Fastboot ၀င်ပါ
ပြီးရင် Firwmare ဖိုင်ထဲက .bat  ဖိုင်လေးကို Run လိုက်ပါ သူ့ဘာ့သူဆက်တင်သွားပါလိမ့်မယ်...

share by myeik (IT)


Tuesday, February 24, 2015

clash of clans update 7.1.1

COC play store 1mobile mark တို့ကနေ auto update မရသူများ ဒါလေးဒေါင်းပြီး install လုပ်ပြီးပြန်ဆော့နိုင်ပါပြီ  clash of clans update 7.1.1
http://www.mediafire.com/download/2agp7l674zj970t/ClashofClans_7.1.1.apk

Monday, February 23, 2015

Mac ကို PC မှာ တင်နည်း

 

ကဲ လာပါပြီဗျာ တော်တော်များများသိချင်နေပါတယ်ဆိုတဲ့ Mac OS ကို PC မှာ တင်နည်းပါ နည်းတွေ တော်တော်များများ လိုက်ရှာလိုက်တာ ဟိဟိ ဘယ်ရမလဲ ဟက်တဲ့ကောင်တွေကလဲ သူတစ်လူ ငါတစ်မင်းဆိုသလိုပါပဲ ဘယ်နည်း အကောင်းဆုံးဖြစ်မလဲ ဆိုပြီး လိုက်ကလိ တာ နှစ်ရက် အတွင်း ၀င်းဒိုး ၈ ခါတင်ရတယ် တင်လိုက် ဖြုတ်လိုက်နဲ့ အခု လွယ်လဲလွယ် တယ် ရှာရတာလဲ မခက်တဲ့ နည်း တစ်ခု နဲ့ စတင်မိတ်ဆက်ပေးပါမယ် " က" တစ်လုံးရေးပြီး သူ့နာမည်က မောင်ကကြီးလို့ခေါ်တယ် မင်းတို့ သူငယ်ချင်းပေါ့ မှတ်ထားနော်ဆိုတဲ့ ကျွန်တော် ကလေးတွေကို စာသင်သလို မိတ်ဆက်မှာတော့ မဟုတ်ဘူးပေါ့ဗျာ ဒါဆို ဘယ်လို မိတ်ဆက်မလဲ ဆိုတာ ကြည့်ရအောင်ဗျား ရွာစားရေ...............ဒိုးသံလေးကြားရအောင်ဗျား..................

ပထမဆုံး ဘာမှ စမလုပ်ခင် ဘာတွေလိုအပ်လဲ ဆိုတာကို သိထားဖို့ လိုမယ်မဟုတ်လားဗျာ ဒီတော့ သိထားဖို့ လိုတာတွေကို ဘယ်လို ပြောရမလဲ ဆိုတော့ ဒါပါပဲပေါ့ ဒါက ဟိုးအရင်က လူတွေ ပြောလေ့ရှိတဲ့စကား ကျွန်တော် ပြောမှာက ဒီလိုဗျ

free space အနည်းဆုံး 20 GB လိုတယ် ဗျာ 
DVD အလွတ် တစ်ချပ် လိုပါမယ်
Mac OS X Lion image ကို Burn ရပါမယ်
TransMac ဆိုတဲ့ ဆော့ဝဲလ်လေးလိုပါတယ်
EasyBCD လိုတယ်
Optional: Windows 7/Vista DVD

နောက် ဘာမှ မလုပ်ခင်မှာ အခုအောက်ကပြထားတာတွေ ကြည့်ဦးပေါ့ 

- Compatible motherboard
- Intel Core CPU
- Compatible VGA card
- Minimum 1GB RAM

ကြည့်လို့ပြီးပြီဆိုရင် စလိုက်ရအောင် နော်

1. mac-os-x-lion-10-7-1-t5863900 ကို ဒေါင်းလိုက် မဒေါင်းချင်လဲ ဆိုင်မှာ ၀ယ်လိုက်ပေါ့ ဟိဟိ ကျွန်တော် မတင်ရသေးလို့ ခုက နည်းပညာသိချင်တာပဲဆိုတော့ နည်းပညာပဲပြောတာ ဟိ 

2. TransMac ကို ဒီမှာဒေါင်း ပြီး Install လုပ်ပါ

3. ပြီးရင် .iso ဖိုင်ကို ဖြည်ပြီး .dmg image ကို ဖွင့်ပါ (4GB) ၀န်းကျင်လောက် ရှိမယ် အဲဒါက

4.Burn the .iso image ဒီ အဆင်တွေကတော့နဲနဲ ဖြတ်ပြောလိုက်တယ်နော် ခွေဘမ်းတာလောက်ကတော့ ဒါလေ့လာနေပြီဆိုမှ တတ်ပြီယူဆလို့ပါ အဲနဲနဲပြောစရာရှိတယ် window 7/Vista အတွက်  Windows Disc Image Burner နဲ့ ရတယ် XP ကတော့ Neroသုံးလို့ရတယ်နော် ဒါကတော့ စမ်းလိုက်ပေါ့ ဟိ ဟိ နောက်တာပါ အဆင်ပြေပါတယ်

5.EasyBCD ကိုတော့ ဒီနေရာကို သွားလိုက် အီးမေးလ်နဲ့ နာမည်ထည့်ပေးပြီး ကိုယ်တိုင် ယူမှရမယ် ဟိဟိ 
အာကာဖြိုးတစ်ညလုံးမအိပ်ရသေးတော့ ပျင်းနေပါသည် D

6.EasyBCD ကိုဖွင့် BCD Backup/Repair ကိုသွား ဘက်ကပ်လုပ်ထားလိုက် ဒါကလက်ရှိ Boot ကို မထိခိုက်အောင် ကာကွယ်လိုက်တာ ဘာမှတော့ ဟုတ်ဘူး မလုပ်ချင်နေပေါ့ သဘော မလုပ်နဲ့တော့ မပြောဘူး ကိုယ့်စက်နဲ့ ကိုယ်ပဲနော် ဟိ

7. နောက် Free space 20GB အနည်းဆုံးထားပြီး partition တစ်ခု ဖန်တီးလိုက်ပါ ဘယ်လိုလုပ်ရမလဲ မသိရင် သိတဲ့သူရှိတယ် မိတ်ဆက်ပေးလိုက်မယ် သူ့နာမည်က ဦးဦး Google ကိုလို့ခေါ်တယ် သူ့ကို မေး သူက ဦး အကုန်သိ

8.ဒီအဆင့်ကတော့ စက်ထဲ ခွေထည့်ပုံမှန် တင်နေကျ အတိုင်း Boot တက်ပေးဖို့ ပဲ မသိရင် Oo အကုန်သိ မေးနော် ကျွန်တော့်လာမမေးနဲ့ 

9.နဲနဲကျော်တယ်နော် ဒီမှာ လဲ ပုံမှန် အဆင့်တွေပဲ ကီးတစ်ခုခု နှိပ် ဆိုတာလေးလေ ကျော်တယ်ပြောတယ် ပြောလိုက်တာပါဘဲ ဘာမှ ထူးဘူး နောက် wait.............wait...............wait ................. ဒီလို ၀ိတ်ရင်း အဲ စောင့်နေရင်း ဆယ်မီနစ် ၀န်းကျင်လောက်မှာ
အလုပ်လုပ်တာ ပြီးပါမယ် ပြောမလို့ ၀ိတ်တာ နဲနဲ များသါားသလားလို့ 

10.  OS X  install လုပ်ဖို့ partition ရွေးတဲ့နေရာရောက်ပြီ ရွေးလိုက်ပေါ့ 

11. မိတ်ဆွေများ ဒီနေ၇ာမှာ စာဖတ်ရင်မရှင်းသလို ဖြစ်နေပါမယ် ကျွန်တော် တစ်ဆင့်စီပဲပြောသွားတာပါ မကျော်ပါဘူး အခု “Utilities”ဆိုတာ သွားလိုက်ပါ ဘယ်က သွားရမလဲဆို ကလေးတွေ စာမေးပွဲဖြေဖို့ စာကျက်သလိုတော့ လုပ်မလာနဲ့ လက်တွေ့ လုပ်သွားရင် ဘယ်အဆင့်မှ မကျော်ပဲ စခရင်မှာ ပေါ်လာတဲ့ အဆင့်တိုင်းကို ပြောနေတာမို့ အဆင်ပြေပြေ လုပ်သွားနိုင်လိုက်မယ် စာဖတ်တာ သက်သက်ဆိုရင်တော့ ဘာမှန်းမသိဘူးဖြစ်နေမှာ ကဲ ပြန်ဆက်မယ်နော် သွားလိုက်ပြီးရင် “Disk Utility” ကိုရွေးပါ

12. အဲဒီမှာ သင်လုပ်ထားတဲ့ partition ကိုရှာပါ တွေရင် စလက် “Erase” ကိုနှိပ်ပေးလိုက် နောက် MS-DOS to Mac OS Extended ပြောင်းပေးလိုက် နောက် format ချဖို့ “Erase” ကိုပြန်နှိပ်ပေးလိုက် 

13.ဒီနေရာမှာ wait...........wait...............wait ပေါ့ ပြီးရင်တော့ အဲဒါပြီးပြီ Disk Utility ကို ပိတ်လိုက် နောက် OS X Install လုပ်ချင်တဲ့ partition ကို ကလစ်ပေးလိုက် အဲ အဲ ဒါက ခုဏက ဖော့မက်ချတဲ့ partition ကိုနော် တော်ကြာ လျှောက်တင်နေဦးမယ်

14.နောက် Customize ကို နှိပ် ဒီနေရာမှာတော့ ပေါက်လောက်ပြီလို့ ယူဆပါတယ် Driver တွေ ရွေးမလား ဘာလားညာလား ဘယ်တောာ့ မှာ အင်စတော မလုပ်ဘူးလားဆိုတာတွေ ဒါတွေပေါ့ ဗျာ လုပ်ချင်သလို သာလုပ်ရတယ် မရရင်သူက အင်စတော ပေးမလုပ်ဘူးလေ မှန်မှ ဆိုတော့ မှန်အောင်လုပ်ပေါ့ ဘာခက်တာလိုက်လို့နော်  မှန်ပြီထားလိုက်တော့ သူ့ဟာသူ လုပ်လိုက်မယ် 

15. “Done” ကိုနှိပ် ပြီးရင် Install Lion

16.အင်စတောလုပ်တာ ပြီးရင် ဖစ်နစ်ပေါ့ဗျာ ဟဲဟဲ ရီဘုကျသွားမယ် အကျရင် ကိုယ်လုပ်ပေးနော် ပြန်တဲ့လာ ပြီးတဲ့ တိုင်အောင် အခွေကို မထုတ်လိုက်နဲ့ ဦး အယ်ရာတွေ တန်းစီပြီး ရနေတတ်တယ် ခံရပြီးပြီ ဟိဟိ ပြန်တက်လာတဲ့ အခါ ဘာမှ စောင့်မနေနဲ့ နီးတဲ့ ခလုတ်တစ်ခုကို နှိပ်ပေးလိုက် နောက် F8 ကိုနှိပ်ပြီး Mac OS X အင်စတောလုပ်ခဲ့တဲ့ အပိုင်းကို ရွေးပေးလိုက် အမြန်မလိုနဲ့နော် သေချာကြည့်လိုက်  

17. ဒီလိုနဲ့ ရီဘု ပြန်ကျမယ် ပြန်တက်လာတဲ့ အခါ ကိုယ့်မှာ အရင်တင်ထားတဲ့ ၀င်းဒိုးတစ်ခု ရှိနေတယ်ဆို Mac ကိုရွေးဝင်ပေါ့နော် မရှိဘူးဆိုရင်တော့ သူ့ဟာသူလာမှာပေါ့ win 7 loader ကို သုံးနိုင်တယ် your Windows not genuine again. Ignore this right now ဆိုလာတတ်တယ် မလာ ရင်လဲ မလာဘူး ပုံသေတော့ မရှိဘူး တစ်ခု နဲ့ တစ်ခုမတူဘူး ဒါက ပြသနာမရှိလောက်ဘူးထင်တယ် နော် လောလောဆယ် တင်တာပဲပြောနေသေးတာ

18.EasyBCD ကို ပြန်ဖွင့်လိုက်ပြီး  “Edit Boot Menu” ကို သွားပါ အဲမှာ ရှိတာ အကုန်ဖျက်လိုက်ပါ

19. “Add New Entry” ကို သွားပါ ဒီနေရာမှာ တော့ window version ကို Add ပေးရမှာ ပါ နောက် “Mac” ကို ကလစ်ပါ ပေးချင်တဲ့ နာမည်ပေးလိုက်ပါ  နောက် “Add Entry” ကို တစ်ဖန်ပြန်နှိပ်ပေးပါ

20.ပြီးရင် နောက်နဲနဲဆုတ်ပြီး “Edit Boot Menu” ကို သွားပါ လူလိုက်မဆုတ်နဲ့ရတဲ့ Pointer လေးဆုတ်ရင်ရပြီ
Default as Windows ကိုရွေး ပြီး “Boot default OS after 30 secs”.ကို ရွေးပေးလိုက်ပါ ပြီးရင် Save လုပ်လိုက်နော် 

21.နောက်  “BCD Deployment” ကို သွားပါ သင်တင်တဲ့ Windows version ကို ရွေးပါ “Write MBR” ကို ကလစ်ပါ သူအလုပ်လုပ်နေပါမယ် ဒါပြီးသွားရင် ရီစတ ကျပါမယ် ကျပြီးပြနတက်လာရင် ရပါပြီ အခွေ မပါလဲ ဖြစ်ပါပြီဗျာ 
ကဲ နောက် ပြသနာက ကိုယ်ဆီပဲ ပြန်လာမှာဆိုတော့ မထူးပါဘူး ပြောလိုက်ပါမယ် Windows Genuine problem ဒါက ဘာနဲ့ လုပ်ရသလဲဆိုရင် Windows 7 Extreme Loader. နဲ့ အဆင်ပြေပါတယ် တော်ကြာ မြို့ပတ်နေကြမှာ ပြောလိုက်တာ နားအေးတယ်နော်


နောက်တစ်ခု မှတ်ထားပါ အရေးကြီးပါတယ် ဘာလဲ ဆို ဟာ့ဒစ်ကနေ ဘုတက်လာလို့ ပြသနာ ရှိနေသေးတယ်ဆိုရင် r Windows Vista/7 DVD ခွေထည့်ပြီး တက်လာရင် Repair your Computer ကနေ Repair ပြန်လုပ်ပါ နောက် Use repair tool fix စတဲ့ စာတွေပါတဲ့ ရေဒီရိုဘော်တွန်မှာ ရွေးပေး၇မယ် ဒါက သဘောတရားလောက်ပါ နော် လုပ်တတ်ကြမှာပါ နောက်တစ်ဆင့် startup Repair ကိုရွေးရမယ်

ကဲ ရပြီနော် အဆင်ပြေပါစေဗျာ တစ်ခါမရရင် နှစ်ခါ သုံးခါပေါ့ အက်ဒီဆင်ကို တော့ မမှီလောက်ပါဘူး လုပ်သာလုပ်ပါ လုပ်မှတတ်တာ နောက်နောက်မှ ပဲ USB ကတင်တာတွေ ဗားရှင်းအမြင့်တင်တာတွေ စသဖြင့် လုပ်ပေးပါ့မယ် ဒီမှာပြောပေးတာက အဆင့်များတယ်ထင်ရပေမယ့် လုပ်ဆောင်ရတာ အရိုးရှုင်းဆုံး အကောင်းဆုံးနည်းပါ အဆင့်နဲနဲနဲ့ မတရားလိုက်ဒေါင်းလော့ချ မမြင်ဖူးမစမ်းဖူးတဲ့ဆော့ဝဲလ်တွေ နဲ့ ကလိရတာထက်စာရင်တော့ တော်တော် ကောင်းတာပေါ့ ဗျာ အမလေးနော် ၀င်းဒိုး အင်စတော စာတစ်ပုဒ်ရေးရတာ ခေါင်းလဲကိုက် လက်လဲညောင်း ဘာဖြစ်ဖြစ်ပါလေ သူများပြေလည်ရင်ပြီးတာပဲ တစ်ခါတင် မန်းလေးမှာ တစ်သိန်း ရန်ကုန်မှာ ငါးသောင်း၇န်ကတော့ လွတ်တာပေါါ ဟီး သူများစီးပွားရေး တုတ်နဲ့ထိုးတယ်ဆို တာ ဒါမျိုးပြောတာဖြစ်မယ် ဟိဟိ
 
Credit to ( အာကာဖြိုး နည်းပညာ )

How to write the IMEI number for you android phone

http://www.talkingmobi.com/write-imei-number-android-phone-fastcardtech/

INEW YOUTH V8 RAM 2GB ROM FIRMWARE–CHEAPEST OPPO N1 MINI CLONE FROM 1949DEAL


Download Inew V8 ROM Here:
Update Official ROM iNEW V8 Version: INEW_V8_1.21_20140805 – KOT49H
http://pan.baidu.com/s/1kTE9LNT
Official ROM iNEW V8 Version: INEW_V8_1.21_20140711 – KOT49H
http://pan.baidu.com/s/1kT3e0sB
Download flashtool here:
http://pan.baidu.com/s/1bn4GIeV
DESCRIPTION
ROM Mobile iNEW V8 – ROM Android 4.4.2
Update Official ROM iNEW V8 Version: INEW_V8_1.21_20140805 – KOT49H
————————————————————————————————————————
Official ROM iNEW V8 Version: INEW_V8_1.21_20140711 – KOT49H
Gapps include – No Rooted
Language support: Multilang
Install ROM :
- Unpack FlashTools, and Click on Flash_tool.exe
- Select a the MT6592_Android_scatter.txt in ROM
- Wait file to be added into Flash Tool
- choose Option->USB Model,click USB Model
–> Choose Option->DA DownLoad All->Speed->High Speed, click High Speed
- Turn off your phone, remove the battery.
- “Press F9 (hit Download button)” OR ” if upgrade ROM Firmware->Upgrade ”
- and connect your phone into the computer via USB data cable.
- The process will start and a red progress bar will appear after color purple, yellow.
- And green circles display
- Finish !

OFFICAIL ROM: ELEPHONE P6I-CHEAPEST 5INCH QUAD CORE ANDRODI 4.4 SMARTPHONE AT $99.99

Elephone p6i flash tool: http://pan.baidu.com/s/1pJujijx
Update Official ROM Elephone P6i version: ALPS.KK1.MP1.V2.13 – MB4HW1.1_V140731 – KOT49H
http://pan.baidu.com/s/1mgr73NM
Official ROM Elephone P6i version: ALPS.KK1.MP1.V2.13 – MB4HW1.1_V140704 – KOT49H
http://pan.baidu.com/s/1o63EBto
DESCRIPTION
ROM Phone Elephone P6i – ROM Android 4.4.2
ONLY MT6582
Update Official ROM Elephone P6i version: ALPS.KK1.MP1.V2.13 – MB4HW1.1_V140731 – KOT49H
—————————————————————————————————————————————
Official ROM Elephone P6i version: ALPS.KK1.MP1.V2.13 – MB4HW1.1_V140704 – KOT49H
Gapps include – No Rooted
Language support: Multilang
Install ROM:
- Unpack FlashTools, and Click on Flash_tool.exe
- Select a the MT6582_Android_scatter.txt in ROM
- Wait file to be added into Flash Tool
- choose Option->USB Model,click USB Model
–> Choose Option->DA DownLoad All->Speed->High Speed, click High Speed
- Turn off your phone, remove the battery.
- “Press F9 (hit Download button)” OR ” if upgrade ROM Firmware->Upgrade ”
- and connect your phone into the computer via USB data cable.
- The process will start and a red progress bar will appear after color purple, yellow.
- And green circles display
- Finish !
- You can now safely disconnect your phone and turn it on.

NO.1 V PHONE I6 CUSTOM ROM TO UPDATE YOUR MTK6582 QUAD CORE 1.3GHZ SMARTPHONE 4.7INCH

Download here:  No.1 V phone i6 ROM
Install ROM:
- Unpack FlashTools, and Click on Flash_tool.exe
- Select a the MT6582_Android_scatter.txt in ROM
- Wait file to be added into Flash Tool
- choose Option->USB Model,click USB Model
–> Choose Option->DA DownLoad All->Speed->High Speed, click High Speed
- Turn off your phone, remove the battery.
- “Press F9 (hit Download button)” OR ” if upgrade ROM Firmware->Upgrade ”
- and connect your phone into the computer via USB data cable.
- The process will start and a red progress bar will appear after color purple, yellow.
- And green circles display
- Finish !
- You can now safely disconnect your phone and turn it on.

IPHONE 6 CLONE SMARTPHONE

http://www.1949deal.com/blog/index.php/category/rom/page/2/

GOOPHONE I6–IPHONE 6 CLONE- LATEST ROM DOWNLOAD AND INSTALL FROM 1949DEAL

http://www.1949deal.com/blog/index.php/goophone-i6-iphone-6-clone-latest-rom-download-and-install-from-1949deal/

HTX MULTI V1.0 BETA TOOL RELEASED.


Just a small gift for my friend to make your work easy.






Features:
HTC:-
HTC Bootloader Unlocking One Click.
Online CWM Installing.
HTC Relock Bootloader.
Partition Flashing (Recovery or Boot Etc).
CID Finder,Just enter your cid and it will let you region.
Reading info from rom.zip (Non Encrypt Rom Only).
Rebooting to recovery or fastboot vie adb.
Relocking Bootloader.
Reading Token For Manual Bootloader Unlocking.

ADB:-
Reading Info.
Wipe Data (Root Needed).
Multi APK Installer (You can install 10 20 100 in onces ).
Sideload,it will save your time while rooting htc or other phones,you can direct load supersu or other zip. 

PS:HTC Bootloader unlocking supported with yahoo mail only,i will try to add more soon.

Requirement
Microsoft .net framework 4.0 Or higher required.

Downloads 
LINK1 RBSoft

LINK2 RBSoft

Sunday, February 22, 2015

Cydia မှ InCydia မှ Install ပြုလုပ်ထားသော .deb file (tweak) များကို Computer မှ backup ယူနည်း(သို့) Computer တွင်သိမ်းဆည်းနည်း



မိမိ Computer တွင် iFunbox ကို install ပါ၊၊

iFunBox exe file download link>>>>>>>>>>

Download iFunbox

iFunbox install ပြုလုပ်ပြီးပါက iFunbox ကိုဝင်
ပြီး မိမိ iDevice ရဲ့ Raw File System ထဲဝင်ပြီး
အောက်ပါအတိုင်းပြုလုပ်ပါ၊၊

Deb file ကို back up လုပ်တာ iFunbox သုံးပြီး
Var>mobile>library>caches>com.saurik.cydia> archieves ဖိုဒါအထိကို iFunbox ကနေဝင်ပါ
ပြီးရင်ဖုန်းကနေ လိုချင်တဲ့ deb file ကို install or reinstall လုပ်ပြီး Var>Mobile>library>caches>
com.saurik.cydia>archieves နေရာမှာပဲ
refresh လုပ်ပေးလိုက်ရင် deb file အဲ့ဖိုဒါထဲမှာရောက်တာတွေ့မယ် copy to computer လုပ်ပြီး backup လုပ်နိုင်တယ်၊၊
ref:iOS Knowledge Bank.MM

  



အဆင်ပြေပါစေ........
Min Oke Kar (ဘီလူးကျွန်းသားလေး)

PayPal Account ဘယ်လိုဖောက်မလဲ.



PayPal Account ဘယ်လိုဖောက်မလဲ.. 


 

အခု တစ်ခေါက် ကျွန်တော် တင်ပြမှာကတော့ PayPal အကောက် လျှောက်နည်းဘဲ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ နေထိုင်သူများ အတွက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ PayPal အကောက်လျှောက်တဲ့ အခါမှာ နိုင်ငံရွေးတဲ့ဆီမှာ မြန်မာနိုင်ငံမပါလို့ပါဘဲ။ အဲ့ဒါကြောင့် မို့လို့ မြန်မာနိုင်ငံက လူတွေ လျှောက်လို့ လွယ်အောင် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ 

အရင်ဦးဆုံး https://www.paypal.com/ ထဲ ၀င်ပြီးတော့ Sign Up ကလစ်လိုက်ပါ။ 

 

နိုင်ငံရွေးတဲ့ နေရာမှာ ထိုင်းနိုင်ငံကို ရွေးလိုက်ပါ ခင်ဗျာ။ တကယ်လို့ မိတ်ဆွေတို့က မလေးတို့ ၊ စ လုံး တို့ ကိုးရီးယား တို့မှာ နေတယ် ဆိုရင်တော့ ကိုယ်နေတဲ့အတိုင်း ထည့်ပြီး လျှောက်နိုင်ပါတယ်။ 

 

Personal ကိုရွှေးပြီးကလစ်ပါ ။ Email address ထည့်တာတို့ First Name Last Name ထည့်တာတို့ကတော့ သိမှာပေါ့ ။Password မှာတော့ စာလုံးအကြီးတစ်လုံးပါပါစေ။ 

 

ဒီအပိုင်းမှာ ဖြည့်ရမှာက အရေးကြီးပါတယ်။ အမှန်အတိုင်း ဖြည့်ရမှာပါ။ Address မှာ ကြိုက်တာ ထည့်ပါ။ City/District မှာတော့ Phuket ရေးပါ။ Province မှာလဲ Phuket ကိုဘဲရွေးပေးပါ။ Postcode မှာတော့ 83000 လို့ ဖြည့်ပါ။ Phone number မှာကတော့ 08 နဲ့ စပြီးတော့ ဂဏန်းဆယ်လုံး ပြည့်အောင် ထည့်ပါ အမှန်အတိုင်း ရေးရင်တော့ ကောင်းပါတယ်။ 0874627593 ဒါကတော့ ကျွန်တော့် Phone No ပါ။ မိတ်ဆွေတို့ သုံးချင်တယ် ဆိုရင် သုံးနိုင်ပါတယ်။ သတိပေးချင်ပါတယ် မိန်းကလေးများ ဖုန်းမဆက်လာပါနဲ့ :) ဟီး ..ဟီး ..စ တာပါ။ 

 

ပုံမှာပြထားတဲ့ Line နံဘေးက အမှတ်ကိုဖြုတ်ပြီး Agree and Crate အကောင့်ကို နှိပ်လိုက်ပါ 

 

အခုလိုပုံစံလေးတွေ့ရမှာဖြစ်ပါတယ် သူပေးထားတဲ့ စာလုံးတွေကို ထည်ပြီး Continue ကိုကလစ်ပါ။ ဘဏ်အကောင့်ဖြည့်ခိုင်းပါမယ် ဖြည့်စရာမလိုပါဘူး MY Accoute ကိုကလစ်လိုက်ပါ ။ပြီးရင်ကိုယ်အကောင့်ဖွင့်ထားတဲ့ မေးထဲတစ်ချက်ကြည့်လိုက်ပါ။ paypal ဆိုဒ်က ကုတ်ပို့ထားတာတွေ့ရပါမယ်။ ကော်ပီလုပ်ပီးထည့်လိုက်ပါ အဆင်ပြေပါပြီ။ Security questions ဖြည့်တဲ့အခါမှာ သတိထားပါ။ သေသေချာချာမှတ်ထား အကြောင်းအမျိုးအမျိုးကြောင့် Pass မေ့တဲ့အခါ Security questions မသိရင် ၀င်မရပါဘူး။ 

 

ဒါဆိုရင်တော့ အကောက် လျှောက်ခြင်း ပြီးဆုံး သွားပါပြီ ။ မှတ်ချက်=> Paypal Account ရပြီဆိုတာနဲ့ Activate ဖြစ်ဖို့ VisaCard လိုပါတယ်..အဲဒီ ကဒ်အတွက်www.shwemoney.com မှာစုံစမ်းဝယ်ယူနိုင်ပါတယ်..ဈေးနှုန်းကတော့ တစ်နှစ်စာခြောက်သောင်း သက်တမ်းတိုရင် တစ်သောင်းခွဲပါခင်ဗျာ။ Activate မဖြစ်လဲဘဲ အင်တာနက်မှ ရှာထားတဲ့ ပိုက်ဆံတွေကို ငွေလွဲ ငွေပို့ လုပ်လို့ရပါတယ်။ 

PyaePhyo(နည်းပညာမှတ်တမ်း) မှ မှီငြမ်းရေးသားပါသည်။

Download : (     ) MB
Solidfiles
Zippyshare
 Speedshare  



အဆင်ပြေပါစေ........
Min Oke Kar (ဘီလူးကျွန်းသားလေး)

မိမိUploadတင်ချင်းတာပဲဖြစ်ဖြစ်-facebookအကောင့်အသစ်ဖွင့်ချင်းတာပဲဖြစ်ဖြစ် မြန်ဆန်မှုရှိသော Yandex.Mail 2.07 APK

Yandex.Mail APK 

ဒီနေ့ တော့ဦးလေးကြီးတင်ပေးမှာကတော့   Yandex.Mail ဆိုမသိတဲ့ လူမရှိသလောက်ပဲနော်
ဒါပေမယ့်ဗာရှင်းအသစ်ထွက်ရှိလာတာကြောင့်ရယ် ပြီးတော့ ပိုမိုမြန်ဆန်မှုရှိလာတာကြောင့်
ဦးလေးကြီးထက်တင်ပေးလိုက်ပါတယ် မိမိApplicationတခုကို Uploadတင်ချင်းရင်
ဒီapkလေးကိုအသုံးပြုပါ ဘာလိုလဲဆိုတော့ Uploadတင်ရာတွင် မြန်ဆန်ရှိတာကြောင့်ပါ
ပြီးတော့ facebook acc အသစ်ဖွင့်ချင်းသူများအတွက်လည်း ကြာခံနယ်
Yandex.Mailနဲ့ ဖွင့်လိုက်ပါ 100%လောက်မရရှိရင်တောင်း
60%လောက် lockမကျအောင်ကာကွယ်ပေးပါတယ်
ကဲလိုအပ်တဲ့ သူများအောက်မှာဒေါင်းယူသွားနိုင်ပါတယ်


ဦးအာကာ  facebook ဦးအာကာ-အမေး-အဖြေ groupထဲ
Join Groupလုပ်ပေးပါအုံး (အောက်ကစာသားပေါ်သို့ နှိပ်ပြီးသွားပါ)
 
 
Free Downloads Link Yandex.Mail 2.07 APK

SonyTablet.Sများအတွက် ALL in ONE Automatic Bat

 

ဒီနေ့ တော့ ဦးလေးကြီးတင်ပေးမှာကတော့  SonyTablet.Sများအတွက် 
တင်ပေးလိုက်ပါတယ် ဒီbatလေးကဆို Rootဖောက်ဖို့ တိုင်းပတ်နေကြသူများအတွက်ရယ်
ဆိုင်သမားတွေအတွက် ရည်ရွယ်ပါတယ် ဒီBatလေးနဲ့  SonyTablet.Sတော်တော်များများ
Rootရတာလွယ်ကူလှတာကိုတွေရပါတယ် Rootဖောက်မယ်လိုသာပြောနေတာ ဒီbat လေးက စွယ်စုံသုံးလိုရတဲ့ batလေးပါ Rootဖောက်ရန်တခုထဲအသုံးပြုလို၇တဲ့ batမဟုတ်ပါဘူး
ဥပမာ-Romတင်တာတို့ စသည်လုပ်ဆောင်ချက်များအပြင်တခြားသော
လုပ်ဆောင်ချက်များစွာပါဝင်ပါသေးတယ် ဥပမာဒီBatလေးကို အသုံးပြုမယ်ဆိုပါဆို
မိမိက Rootဖောက်ချင်းတယ်ဆိုရင် batကိုrunပြီးတော့ 1ကိုသာနှိပ်လိုက်ပါ
  Automaticလုပ်ဆောင်ပေးပါလိမ့်မယ် ပါဝါကျပြီးပြန်တတ်လာရင် suလေးရောက်ရှိနေပါလိမ့်မယ်
ဒါပေမယ့်တခုရှိတာတော့ မိမိPCက မိမိဖုန်းကိုDriverမသိဘူးဆိုရင် ဒီBatလေးကအလုပ်မလုပ်ဘူးနော်
လိုအပ်တဲ့ သူများကတော့အောက်မှာဒေါင်းယူသွားနိုင်ပါတယ်

 free Downloads link SonyTablet.S ALL in ONE  Automatic Bat 

အိုင် user တွေအတွက် iTunes 12.1.1

Download: iTunes 12.1.1 32-bit | 

Download: iTunes 12.1.1 64-bit 


                                       
     
                                      www.patheinit.com
                              
Payephyokyaw(ပုသိမ်အိုင်တီ)

                                       ပုသိမ်နည်းပညာ

Saturday, February 21, 2015

Thursday, February 19, 2015

ZTE V815W ဖုန်း ဗားရှင်း 4.4.2 ဖုန်းအားလုံးကို အလွယ်တကူ Root လုပ်ပေးနိုင်တဲ့ All in One ZTE Root Tool

မင်္ဂလာပါ
FB မှ ညီအကိုတစ်ယောက် တောင်းဆိုလာတဲ့

အစ်ကို ZTE V815W ဗားရှင်းက 4.4.2 (ထိုင်းကထုတ်တာ dtac တံဆိပ်နဲ့) အဲ့ဒါမြန်မာစာဖောင့် ထဲ့ချင်လို့ ဘာနဲ့ root ရမလဲ ကူးညီပါအုံးခင်ဗျ

အခုကျနော်တင်ပေးလိုက်တဲ့ ပိုစ့်သည် ကျနော်ကိုယ်တိုင်စမ်းသပ်
အောင်မြင်ထားခြင်းမဟုတ်ပါခင်ဗျား တောင်းဆိုလာတဲ့ညီအကိုအဆင်ပြေသွားအောင်လို့
အစ်ကို (၀င်းကမ္ဘာကျော်) မှတစ်ဆင့်ပြန်လည်ကူးယူမျှဝေ လိုက်ရခြင်းပါတယ်။ 

ဒီ Root Tool လေးကတော့ ZTE ဖုန်းအမျိုးအစားကို အလွယ်တကူ
Root လုပ်ယူနိုင်မှာဖြစ်ပါတယ်။ အောက်မှာ Developer Zaw Linn ZTE  ရဲ့
မိတ်ဆက်စကားလေးကို ဖတ်ကြည့်လိုက်ပါဦး
 
ဖုန်းတွေကို လွယ်လွယ်လေး Root လုပ်လို့ရဖို့ရည်ရွယ်ပြီး ဖန်တီးထားတာပါ။သင်ကြားပေးသော ဆရာများ နှင့် ကူညီပေးသောညီငယ်လေးကိုလည်း အထူးပင်ကျေးဇူးတင်ပါတယ်။ စမ်းသပ်ပြီး၍ % ပြည့်အာမခံပါသည်။
မိမိဖုန်းကို Computer မှာ ကြိုးထိုးပြီး ဖုန်းအမျိုးအစားကိုရွေးပြီး Enter နှိပ်ပေးလိုက်ရင်အစဉ်ပြေပါပြီ။ အားလုံးပဲ ZTE ဖုန်းတွေကို လွယ်လွယ်လေး Root နိုင်ကြပါစေ....




 မြန်မာစာအတွက်ကတော့ မိမိဖုန်းဟာ Root Access ရရှိထားပြီးသားဆိုရင်တော့
ထည့်ရတာ အခက်ကြီးမဟုတ်တော့ပါ မြန်မာဖောင့်နဲကီးဘုတ်အတွက်ကတော့
အောက်ကလင့်မှာ ၀င်လေ့လာကြည့်လိုက်ပါ။

စမတ်ဖုန်းများမှာ မြန်မာစာအတွက် ဖောင့်နဲ့ကီးဘုတ်များကို အလွယ်ထည့်နည်း

Created By : Zaw Linn ZTE 
 

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

Tuesday, February 17, 2015

Galaxy Note 3 SM-N900 Pit file ပါဝင်သော 5 file အစုံ firmware download "pan.baidu Link"

Description: 

လိုသလို အသုံးချနိုင်ပါတယ်....ကျွန်တော်ကတော့ one package နဲ့တင်ရင် system ရောက်တာနဲ့ fail ပြတဲ့ အလုံးကို ဒီကောင်လေးနဲ့ အဆင်ပြေသွားပါတယ်firmware,driver, odin အကုန်ပါပြီးသားပါ။http://pan.baidu.com/s/1eQ5kj66

Friday, February 13, 2015

SAMSUNG GALAXY NOTE 3 (N900) THL အလုံးတွေအတွက် (5.0 LOLLIPOP BETA OTA UPDATE)


All Stable တတ်နိုင်သမျှတော့စမ်းသပ်ထားပါတယ်...

Update File Downloading ပြုလုပ်ရန်..
https://mega.co.nz/…

Password: samsungviet.vn

Prerequire:(လိုအပ်သောဖိုင်များ..) ဒေါင်းရန်...
1. twrp 2.8.1.0: https://www.fshare.vn/file/3Q6E5APH1EOV
2. 1. bootloader 5.0 https://www.fshare.vn/file/MLVDYESK4OPA
2. 2. stock recovery https://www.fshare.vn/file/9EW4KACN1TTB
3. CWM: https://mega.co.nz/#!F8hn1RKS!pBtvm4...YqM-ZvDk9vS4vk
4. SuperSU 2.40: http://download.chainfire.eu/641/Sup...erSU-v2.40.zip

Install ပြုလုပ်ပုံအဆင့်ဆင့်....(တစ်ဆင့်ချင်းစီပြုလုပ်ရန်..)

1. ODIN မှ TWRP recovery ကိုအရင်သွင်းလိုက်ပါ..
1.1 TWRP ထဲဝင်ပါပြီး create Backup.ပြုလုပ်ပေးပါ (ယူသောအခါ
အကုန်အမှန်ခြစ်ပြီးယူပါ modem/EFS/တိုပါရွေးပါ)
2.Back လုပ်ပြီ့းရင်တော့ဖုန်းကို Reboot ပြန်ချလိုက်ပါ....
1.3.Internal မန်မိုရီကဒ်ထဲတွင် ရောက်နေသော TWRP ဖိုင်ကိုရှာပါ ထိုဖိုင်ထဲတွင်
BACKUPS/4d00279c40989079/ ဆိုပြီးတွေ့ရပါလိမ့်မယ် ထို Folder ထဲသို့
5.0 Update zip ဖိုင်ကိုဖြည်ချပြီး.ထွက်လာသော Folder လိုက်ကို Copy
ကူးထည့်ပါ.
2. TWRPထဲပြန်ဝင်ပြီး -> Wipe -Swipe to Factory Reset ကိုဆွဲလိုက်ပါ...
3. နောက်သို့ပြန်သွားပြီး Home -> Restore -> "2014-12-18--00-18-21
LRX21V.N900XXUEBNL4" ကိုရွေးပေးလိုက်ပါ...
4. Restore ပြုလုပ်တဲ့အခါ..အပေါ်က Backup ယူသလိုအကုန်လုံးရွေးချယ်ပေးလိုက်ပါ
5. Restoreပြီးပြီဆိုရင်တော့,နောက်ကိုပြန်သွားလိုက်ပါ..Home -> Reboot ->
Download ကိုပြန်ရွေးလိုက်ပါ...(ဖုန်းကို Odin Mode ခေါ် Download Mode ၀င်
လိုက်တာပါ..)
6. Odin ကနေပြီး..အပေါ်တွင်ပေးထားသော Bootloader 5.0 ကို သွင်းလိုက်ပါ
ထိုသို့သွင်းပြီးရင်ဖုန်းက Reboot ကြပါလိမ့်မယ်..ဖုန်းအတက်ကိုမစောင့်ပါနဲ့ Battery
ပြန်ဖြုတ်ပြီး..Download Mode ပြန်ဝင်ပါ...
7.stock recovery ကို Odin ကနေပြန်သွင်းပါ..
8.Reboot ကြသွားပြီး 5-10 mins. နေလိုဖုန်းပြန်တက်လာရင်တော့ ဖုန်းက 5.0
Version ဖြစ်ပါပြီး..

Fix:

Root:လုပ်နည်း
1. ဖုန်းကို Download mode ၀င်ပါ
2. CWM ဆိုသောဖိုင်ကို Odin မှသွင်းပေးလိုက်ပါ..
3. SuperSu-2.40.zip ကို SD အင်တာနယ်မန်မိုရီထဲထည်ံပြီး..CWM မှ Install
ပြုလုပ်ပေးလိုက်ပါ..ပြီးရင်တော့...
4. Reboot System ကိုနှိပ်လိုက်ပါ..ပြန်တက်ရင်တော့ဖုန်းက Root ပေါက်ပါပြီး...

BLUETOOTH မရရင် ရှင်းနည်း....
odin မှ CWM ကိုသွင်းပါ.. (Odin မှ auto reboot ကိုအမှန်ခြစ်ဖြတ်ပြီးသွင်းပါ)
battery ဖြုတ်ပြီး volume up + home + power button တွဲနှိပ်ပြီး recovery mode (cwm).သို့ဝင်ပါ...
bluetooth Fix အတွက် Wifi.bluetooth.fix.v2.S5.port.roms.by.Filchi756.zipကိုInstall လုပ်ပေး လိုက်ပါ...
ဖိုင်ဒေါင်းရန်လင့်...(http://forum.xda-developers.com/gala...-roms-t2938607)
သွင်းပြီးရင်တော့ ထုံးစံအတိုင်း download mode ကိုပြန်ဝင်ပြီး stock recovery.ပြန်သွင်းလိုက်ပါ..
ဒါဆိုင်တော့ ဖုန်းက Bluetooth Error ရှင်းပါပြီး..

Fix securestograge: Error ရှင်းနည်း...

1. Root Explorer apk ကိုသွင်းပြီးဖွင့်လိုက်ပါ.. R/W ကို R/O ပြောင်းပါ...
2. system ဆိုတဲ့ Folder ကိုရှာပါ..
3. "build.prop" ဖိုင်ကိုရှာပါထိုဖိုင်ကို .လက်ဖြင့်ဖိထားလိုက်ပြီး Text Editor ဖြင့်ဖွင့်လိုက်ပါ..
4. ro.securestograge.support စာကြောင်းကိုရှာပြီး.. true ဖြစ်နေရင် falseလိုပြောင်းပေးလိုက်ပါ..
5. Save and restart ပြုလုပ်လိုက်ပါ...
6. ထိုအချိန်တွင် touch Screen ကို မထိပါနဲ့ ၁၀ မိနစ်လောက်ခဏထိားပါ...
7. Reboot ကြသွားပါလိမ့်မယ်

ပြန်တက်လာရင်တော့ ဖုန်းက အားလုံး.. Good အစဉ်ပြေ ချောချောမွေ့မွှေ့နဲ့သုံးနိုင်ပါပြီး..

အားလုံးကိုကျေးဇူးတင်ပါတယ်..
MMUG ဟိန်းသူ...

Credit XDA