Sunday, February 16, 2014

G730-U00 မှာ Shwe Book နဲ့ Ornagai Dictionary မှာမြန်မာလိုမပေါ်သူတွေအတွက်


Huawei G 730 မှာမြန်မာစာ မရတဲ့ Ornagai အတွက်..
မြန်မာစာပေါ်အောင်သီးသန့်ထုတ်ထားတဲ့.. Ornagai dictionary (G730) ပါ။
ဦး Thant Ko ကနေ .မူရင်း ornagai dictionary ကို ပြုပြင်ထားတာပါ။

အောက်မှာဒေါင်းလုတ်ဆွဲပါ။
http://goo.gl/sqoGOR


Shwebook ကမြန်မာလိုတွေ မပေါ်ဘူးဆိုသူတွေအတွက်ကတော့
G730မှာ Shwebook ကမြန်မာလိုတွေ မပေါ်ဘူးဆိုသူတွေအတွက်ပါ။
မပေါ်ရတယ့်အကြောင်းက Shwebook.apk ထဲမှာ zawgyi.ttf ပါပြီးသားပါ။ G730 က Graphite Rendering နဲ့ Run တာဖြစ်တယ့်အတွက် zawgyi.ttf နဲ့အလုပ်မလုပ်တော့တာပါ။ Shwebook.apkမှာ မြန်မာစာပေါ်ချင်ရင် zawgyi.ttf ကို Graphite Renderingနဲ့ပြင်ရေးချင်ရေး မရေးချင်ရင် ကျော်စွာသွင် ရဲ့ SmartZawGyi2 နဲ့ပြောင်းထည့်ပေးပါ။ ကျွန်တော်က တော့ ကျော်စွာသွင် ရဲ့ SmartZawGyi2ကို Shwebook.apk ထဲမှာ zawgyi.ttf လို့အမည်ချိန်းပြီးထည့်ပေးလိုက်ပါတယ်။ အဆင်ပြေသွားပါတယ်။ အောက်ကလင့်မှ ဒေါင်းပြီးစမ်းကြည့်ပါ။
http://d-h.st/1kK


Credit To -  Royal Mobile  


ဒါကတော့ကိုညီပိုင်ပြန်ပြင်ထားတဲ့ G730အတွက်မြန်မာလိုပေါ်အောင်ပြန်ပြင်ထားတဲ့Apk တွေပါခင်ဗျာ...
ကိုညီပိုင်ကိုလည်းCredit ပေးပါတယ်ခင်ဗျာ...
အခုနောက်ပိုင်းမှာကြားနေရတဲ့

G730-U00 မှာ မြန်မာ ဆော့ဖ်ဝဲလ်တချို့  မြန်မာလို မပေါ်တာတွေကို

ကျွန်တော် နားလည်သလောက်လေးပြင်ထားလေး တင်ပေးလိုက်ပါတယ်ဗျာ...

ကျွန်တော်လည်း အခုမှ သင်ယူနေသူဆိုတော့ အမှားပါရင်လည်း ပါနိုင်ပါတယ်

ဒါကြောင့် အမှားပါရင်လည်း ကြိုတင်နားလည်ပေးပါလို့ ပြောချင်ပါတယ်

ကျွန်တော်ပြင်ထားတဲ့ ဆော့ဖ်ဝဲလ်လေးတွေကတော့

G730 MMHub Myit Tar ( http://pc.cd/m0z )

G730 MMHub Payate ( http://pc.cd/w5z )

G730 ShweBook ( http://pc.cd/t5z )

G730 တားရော့ ( http://pc.cd/a0z )

ကျွန်တော်ပြင်ထားက font လေးတစ်ခုပဲပြင်ထားတာပါ

မထွင်နိုင်သေးတော့ သက်ဆိုင်သူအားလုံးကိုလည်း Credit ပေးပါတယ်ဗျာ...

အဆင်ပြေသူများဒေါင်းယူနိုင်ပါတယ်ဗျာ....

အားလုံးအဆင်ပြေပါစေလို့ ရည်ရွယ်ရင်းနဲ့ ..............

Credit To - ညီ ပိုင် (MMSD) - 

မြန်မာမှုပြုထားတဲ့ - Zapya v2.1 ( Myanmar Version)

https://lh4.ggpht.com/tGTVdFo7S5n0lbOcnx1KKXpE6XB6P79j2sU2fXGtplD8esTlcNyVGOKd7LuNQJvzX-U%3Dw300

Zapya ကိုတော့ Android User တိုင်းလိုလိုရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ ဖုန်းအချင်းချင်း Data တွေကို ကူးပြောင်းတဲ့ အခါမျိုးမှာ Bluetooth ကိုအသုံးပြုပြီးကူးသလိုမျိုး Bluetooth မပါဘဲ ကူးပြောင်းပေးနိုင်တဲ့ Application မျိုးပါ။ တရုပ် Tablet တွေလိုမျိုး Bluetooth မပါခဲ့ဘူးရင် Zapya ကအသုံးတည့်ပါတယ်။ ကျွန်တော် တင်ပေးလိုက်တာလေးကတော့ Zapya ကိုမြန်မာမှုပြုထားတဲ့ Myanmar Version လေးဖြစ်ပါတယ်ဗျာ။ ဖုန်း အချင်းချင်း Data အကူးအပြောင်းမှာ Bluetooth ထက်အဆပေါင်းများစွာမြန်ဆန်တဲ့အတွက် အချိန်ကုန်သက် သာစေပါတယ်။ ဖုန်းတစ်လုံးမှာဆောင်ထားသင့်တဲ့ Application တစ်မျိုးဖြစ်ပါတယ်။

ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

setting background image ထည့်တဲ့နည်း..

Setting background image ထည့်တဲ့နည်း..

အရင်ဆုံးလိုအပ်တာတွေကို ဒေါင်းကြမယ်နော်

rootexplorer.apk
7zip
နှစ်ခုလုံးကို အောက်မှာ zip ချုပ်ပေးထားပါတယ်

  ဒီမှာဒေါင်းလိုက်နော် 






စမယ်... rootexplorer ကိုဖွင့်(R/Wပေးနော်) system >> framework >> framework-res.apk ကို sdcard ထဲ copy ကူးယူလိုက်ပါ...
ဖုန်းကို ကွန်ပျူတာမှာ ချိတ် ပီးရင်... စောနက framework-res.apk ကိုကွန်ပျူတာထဲ ကူးထည့်လိုက်ပါ...
ပီးရင် framework-res.apk right-click ထောက်ပီး 7zip >>> open archive နဲ့ ဖွင့်လိုက်ပါ(ဖြည်မချပါနဲ့) နောက်ပီး res ထဲက drawable-nodpi ကိုဖွင့် background_holo_dark.png
ကို ဖြတ်ပစ်လိုက်ပါ... ပီးရင် ကိုလိုချင်တဲ့ပုံကို background_holo_dark.png(.png formet ပဲဖြစ်ပါစေ) ဆိုပီးတော့ rename ပေးပီး zip ဖိုင်ထဲ ဆွဲထည့်လိုက်ပါ..
(P.S ကိုထည့်တဲ့ ပုံဆိုဒ်ကိုတော့မူရင်း 
background_holo_dark.png ရဲ့ size အတိုင်းပဲထားပါ. တော်တော်များများနဲ့ကိုက်တက်ပါတယ်...) 

ပီးသွားပီဆိုရင်တော့ ပိတ်လိုက်ပါတော့... 7zip ကို..ပိတ်လိုက်လို့ရပါပီ
စောနက framework-res.apk ကို memory card ထဲ ပြန်ကူးထည့်လိုက်ပါ..

rootexplorer ကိုဖွင့်... sdcard ထဲ က framework-res.apk ကို system >> framework ထဲကို copy ကူးထည့်လိုက်ပါ replace လုပ်မလားမေးရင် လုပ်ပေးလိုက်ပါ ပြီးရင် reboot တစ်ချက်ရိုက်ပေးလိုက်ပါခင်ဗျာ... ပြန်တက်လာရင်တော့ ပုံထဲက အတိုင်းလေးဖြစ်နေတာကို မြင်ရပါပီ....

***4.1 နဲ့အထက် မစမ်းပါနဲ့...***

Wednesday, February 5, 2014

IOS 7 (IOS 7.0 To IOS 7.0.5) များကို Jailbreak ပြုလုပ်နိုင်မည့် Evasi0n1.0.5Tool ဗားရှင်းအသစ်

iOS 7 (iOS 7.0 to iOS 7.0.5) များကို Jailbreak ပြုလုပ်နိုင်မည့် evasi0n1.0.5tool ကို update ထုတ်ပေးလိုက်ပြန်ပါပြီ.iOS 7.0 through 7.0.5 တင်ထားတဲ့ Iphone,ipad,iPod touch, iPad and iPad mini models များကို အဆင်ပြေစွာ jailbreak ပြုလုပ်နိုင်ပြီဖြစ်ပါတယ်.။အခုအသစ်ထွက်ဗားရှင်းကိုတော့ မကြာသေးခင်ကမှထွက်ရှိထားတဲ့ တရုတ် networks နဲ့တွဲဖက်အသုံးပြုနိုင်တဲ့ iphone5s and 5c များအတွက် ထွက်ရှိထားတဲ့ iOS7.0.5 ကိုပါ အဆင်ပြေပြေ jailbreak ပြုလုပ်နိုင်မယ်လို့ဆိုပါတယ်။အသစ်ထွက်ရှိလာတဲ့Jailbreak tool အသစ်ကိုအောက်မှာရယူနိုင်ပါတယ်.
ServerOSVersionLink
box.comMac OS X1.0.5SHA1: a81a7128113a7610371a2f9f99933a1dbd153c42
box.comWindows1.0.5SHA1: 5e09dfac4b4a0361492961109da72f6f18020d59
share by MMAS

Monday, February 3, 2014

Huawei Y325-T00 firmware (Y325-T00, Android 2.3, V100R001C01B020, China Mobile)

Huawei Y325-T00 firmware (Y325-T00, Android 2.3, V100R001C01B020, China Mobile)

Huawei Y325-T00 firmware (Y325-T00, Android 2.3, V100R001C01B020, China Mobile)

Sunday, February 2, 2014

Samsung ဖုန်းတွေမှာ Root မထားပဲ မြန်မာဖောင့်သွင်းပေးမယ့် အသစ်ထွက် Zawgyi-One flip 3.4


Root မလိုဘဲ Galaxy Device တွေကို မြန်မာစာ တန်းသွင်နိုင်မယ့်
zawgyi one flip လေးကို သိကြမှာပါ အခု အသစ်ထွက်
version လေးက 3.4 ပါ 4.1.2014 မှာ ထွက်ရှိခဲ့ပြီး
Font အလှပေါင်း ၂၅ မျိုး ပါဝင်ပါတယ် အရင်ထက်ပိုလန်းတဲ့
ဖောင့်လေးတွေလည်းပါဝင်ပါတယ် ။

Developer ကို မျိုးမင်းလတ်က ဒီလိုဆိုထားပါတယ်
What's New
- Android 2.3.x အသုံးပြုသူများတွင်
( Love,Ubuntu,Iphone,SoMA,Chococooky )
fonts 5 မျိုးမှာ မြန်မာစာမပေါ်သောကြောင့်
update ပြန်လည်ပြုလုပ်ရခြင်းဖြစ်ပါသည်။
ယခု version တွင် ပြန်လည်အဆင်ပြေ
သွားပါပြီ။
(တောင်းပန်ပါတယ်ခင်ဗျ)
- ဒါနဲ့ မထူဘူးဆိုပြီး app ဒီဇိုင်းပါနည်းနည်း
ပြင်လိုက်ပါသည်။:D
Zawgyi-One Flipfont - screenshot thumbnailZawgyi-One Flipfont - screenshot thumbnail


ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ

Y325-T00 MM Font & System Font Restore

Y325-T00 MM Font & System Font Restore
===========================


Y325-T00 မြန်မာစာထည့်မှားပီး ၀လုံးများတက်နေသည့်စက်များတွင်သုံးနိုင်ပါသည်။
Font ထည့်မှားပြီး Logo လည်သောစက်များတွင်လဲသုံးနိုင်သည်။



အားလုံးပဲ အဆင်ပြေကြပါစေ။

Saturday, February 1, 2014

Huawei Android Version 4.1+ Myanmar Font Installer

Huawei ရဲ့ နောက်ဆုံးထွက် မော်ဒယ်လ်အများစုမှာ android version 4.1 နဲ့ အထက်ကို သုံးလာကြပါတယ်။ 4.2.2 Jelly Bean ကို အသုံးအများဆုံးပါပဲ။ ဒါကြောင့် အဲဒီဖုန်းတွေမှာ မြန်မာစာထည့်ရင် အလွယ်တကူ အဆင်မပြေတတ်ပါဘူး။ ဒီ tool လေးကတော့ ကွန်ပြူတာနဲ့ လုပ်ရမှာပါ။
Huawei Android 4.1+ Myanmar Font Installer with Frozen Keyboard
၁။ အရင်ဆုံး ဖုန်းကို usb debugging ခြစ်ပြီး ကွန်ပြူတာနဲ့ ချိတ်ဆက်လိုက်ပါ။
၂။ V-Root ကို သုံးပြီး Root ဖောက်လိုက်ပါ။ Restart ကျသွားပါလိမ့်မယ်။ ပြန်တက်လာတဲ့အထိ ခဏစောင့်ပေးပါ။
၃။ Huawei Android Version 4.1+ Myanmar Font Installer ပရိုဂရမ်ကို ကလစ်နှစ်ချက် နှိပ်ပြီး ဖွင့်လိုက်ပါ။
၎။ User Account Control က run မလားလို့ မေးပါလိမ့်မယ်။ Yes ကို နှိပ်လိုက်ပါ။
၅။ ဒါဆိုရင် Password တောင်းတဲ့ box တစ်ခု ပေါ်လာပါမယ်။ Password ကို ‘superlike’ လို့ ပေးထားပါတယ်။ ရိုက်ထည့်လိုက်ပါ။
၆။ ဒါဆိုရင်တော့ အနီရောင် Command Box တစ်ခု တက်လာပါပြီ။ မိမိဖုန်းကို ကွန်ပြူတာနဲ့ ဆက်သွယ်ထားခြင်း ရှိမရှိ ထပ်မံစစ်ဆေးပါ။
၇။ Lock Screen ပုံ ပြန်တက်လာပြီဆိုရင်တော့ List of Device Attach ဆိုတဲ့ စာကြောင်းအောက်မှာ *************** device လို့ ပေါ်နေလားစစ်ပေးပါ။
ဒါအရေးကြီးပါတယ်။ တကယ်လို့ အဲလိုမပေါ်ဘူးဆိုရင် ဖုန်းနဲ့ဆက်သွယ်ထားတဲ့ ကြိုးကို ပြန်ဖြုတ်ပါ။ ပရိုဂရမ်ကို ပိတ်ပါ။ ပြီးရင် ဖုန်းကို ပြန်တပ်ပါ။ ပရိုဂရမ်ကို ထပ်မံ ပြန်ဖွင့်ပေးပါ။ မပေါ်ဘဲနဲ့ Press any key တောင်းတုန်း keyboard က ကီးတစ်ခုခုကို နှိပ်လိုက်ရင် ပရိုဂရမ် အသက်ဝင်သွားနိုင်တာမို့ ပရိုဂရမ်ကို ပိတ်ရင် Mouse ကို အသုံးပြုပြီး ပိတ်ပေးပါ။ List of Device Attach အောက်မှာ ဘာမှ မပေါ်ဘဲ ပရိုဂရမ်ကို အသက်သွင်းလိုက်မိရင် အော်တို မြန်မာစာ ထည့်ပေးသွားမှာမို့ အခန့်မသင့်ရင် Firmware ကျသွားနိုင်ပါတယ်။ ဘာမှမပေါ်ဘူးဆိုတာ အပေါ်က ပုံမှာပြထားတဲ့အတိုင်းဖြစ်ပါတယ်။ အဲဒီအတိုင်းဖြစ်နေတုန်း သွားနှိပ်လိုက်မိရင် firmware ကျတတ်ပါတယ်။
၈။ List of Device Attach အောက်မှာ အပေါ်မှာ ပြထားတဲ့အတိုင်း ပေါ်နေပြီဆိုရင်တော့ Keyboard မှ ကြိုက်နှစ်သက်ရာ ကီးတစ်ခုခု (ကျွန်တော်ကတော့ Space Bar ကို သုံးပါတယ်။) ကို နှိပ်ပြီးတော့ စောင့်ကြည့်နေလိုက်ပါ။
၉။ မြန်မာစာကို အော်တို သွင်းပေးသွားမှာဖြစ်ပြီး Frozen Keyboard ကို သွင်းပေးတဲ့ စာကြောင်းလေး နှစ်ကြောင်းပေါ်လာပြီးရင်တော့ ဖုန်းကို Restart အော်တို ချပေးသွားမှာဖြစ်ပြီး ပရိုဂရမ်ကိုလည်း အော်တို ပိတ်ပေးသွားမှာဖြစ်ပါတယ်။
၁၀။ ဖုန်းပြန်ပွင့်လာရင် Setting –> Language and keyboard အောက်မှာ Forzen Keyboard ကို အမှန်ခြစ် ခြစ်ပေးပြီး Input Method ပေါ်မှာ နှိပ်ကာ Frozen Keyboard ကို ရွေးပေးပြီးရင်တော့ မိမိရဲ့ဖုန်းကို မြန်မာစာထည့်ပြီးပြီဖြစ်ပြီး မြန်မာလို ဖတ်လို့ကော ရေးလို့ပါ ရပြီဖြစ်ပါတယ်။ 
Have Fun!! (Ko Ko Win – Super Like Mobile & Electronic Centre)

အောင်မြင်စွာ စမ်းသပ်ပြီးသော ဖုန်းများ

  • Y511-U00
  • Y511-T00
  • Y320-C00
  • G610S
  • G610-T00
  • G730-U00

Download Here

share by super like