Monday, December 30, 2013

Y320-C00 firmware installation , stock recovery backup,install & Troubleshoot

For-huawei-for-HUAWEI-y320-c00-3g-mobile-phone.jpg_350x350

ဖုန်းတစ်လုံးအတွက် stock recovery က ဘယ်လိုအရေးပါလဲဆိုတာ မရှင်းပြတော့ပါဘူး တော်တော်များများသိပြီးသားလည်းဖြစ်မှာပါ
အရင် အရင် ထွက်ခဲ့တဲ့ ဖုန်းတွေ Y210 series Y220 serires U9200 U9500 အစရှိတဲ့ဖုန်းတွေမှာ stock recovery က တော်တော်လေးအရေးပါပါတယ်
ဘာဖြစ်လို့လဲဆိုတော့ stock recovery သာမရှိရင် ဖုန်းကို official firmware ပြန်တင်လို့မရပါဘူး ။
ဒီနေ့လည်း ကျွန်တော့် services ဆိုင်ကို တပည့်တစ်ယောက်ရောက်လာပါတယ် Y320-C00 phone သုံးလုံးလည်းပါလာတာပေါ့။
သုံးလုံးမှာ တစ်လုံးက Dead, နှစ်လုံးက LOGO မှာရပ်နေတာ။ သူက ဆရာတဲ့ သူမလုပ်တတ်တော့လို့ ဒီဟာလေးတွေ firmware ပြန်တင်ပေးဖို့လာပြောတာ။
ကျွန်တော်လည်း အဲ့ဖုန်းတွေကို recovery ၀င်ကြည့်တော့ တစ်လုံးက ၀င်လို့ရတယ် ။ နောက်တစ်လုံးက ၀င်မရဘူး။
အဲ့တာနဲ့ ၀င်လို့ရတဲ့ဖုန်းကို အရင်ဆုံး firmware တင်လိုက်တယ်။ recovery ၀င်နည်းက power ကိုနှိပ်လိုက်ပါ vibreat တုန်ရင် power ကိုလွတ်ပြီး vol down ကိုဖိထား
ပြီးရင် စာတန်းသုံးခုပေါ်လာလိမ့်မယ်။
1. IN FAST BOOT MODE
2. IN RECOVERY MODE
3.EXIT ပါ။
IMG_20131202_191626
fastboot mode ၀င်ချင်ရင် fastboot mode စာကြောင်းကို vol up or down နဲ့ရွေးပြီး ၀င်မယ်ဆိုရင် (ပုံမှန်အတိုင်းဆို power ခလုတ်) အခုဖုန်းကျတော့ vol up
ခလုတ်ကို နှစ်စက္ကန့်လောက်ဖိထားလိုက်ရင် ၀င်ပါတယ်။ကျွန်တော်ကတော့ firmware တင်ဖို့အတွက် recovery ကိုရွေးပါတယ် ပြီးတော့ ၀င်လိုက်ပါတယ် ။
ပြီးတော့ Y320-C00 firmware ဖိုင်ကိုဒေါင်းလို့ရလာတဲ့ zip ကိုဖြည်လိုက်ရင် အထဲမှာ sdcard_update.zip ဆိုပြီးပါလာပါတယ်။ သူ့ကို ဘာမှ မပြင်ပါဘူး။
ကျွန်တော့်တို့ sdcard ထဲမှာသာ အရင်တုန်းက dload ဆောက်တာ အခု dload မဟုတ်တော့ပဲ image ဖိုင်ဆောက်ရပါတယ်။ အဲ့ image ဖိုင်ထဲမှာမှ
sdcard_update.zip ဆိုပြီးတော့ copy ယူပါတယ် firmware ကို။ ပြီးရင် sdcard ကို ဖုန်းထဲထည့်ပြီး ဒုတိယမြောက်အကြောင်း apply update from external storeage
/image/sdcard_update.zip ဆိုပြီးတင်ပါတယ်။ အောက်မှာ ဘားတန်းလေးပြေးပြီး firmware တင်လို့ပြီးသွားရင် reboot system now ကိုရွေးပေးလိုက်ပါ။
ဒါဆိုရင်တော့ Y320-C00 firmware တင်ခြင်းပြီးပါပြီး ။
IMG_20131202_192257
IMG_20131202_192322
ကဲနောက်တစ်လုံး recovery ပျက်နေတဲ့အလုံးကိုကျတော့ဘယ်လိုတင်မလဲ ???????????????????
ကျွန်တော်လိုက်ရှာကြည့်ပါတယ် အွန်လိုင်းမှာ stock recovery လည်းမတွေ့သလို custom recovery လည်းမတွေ့ပါဘူး။
အာ့နဲ့ ကျွန်တော်လည်း အကောင်းအလုံးထဲက backup ထုတ်ပါတယ်။ သူ့ recovery partation က block08 ပါ
အကောင်းအလုံးကို usb ကြိုးထိုးပြီးတော့ backup လုပ်ပါတယ်။ backup လုပ်ဖို့ root လိုတယ်နော် ။ root ကတော့သိတယ်မှတ်လား ထုံးစံအတိုင်း (Vroot) ပေါ့ :P (ပျက်မယ်နော်) ခ်ခ်
ကဲရိုက်ကမဲ့ comment လေးက
adb shell su -c “cat /dev/block/mmcblk0p8 > /sdcard/mmcblk0p8.img” ပါ။ ဒါဆိုရင် ကျွန်တော်တို့ sdcard ထဲကို mmcblk0p8 ဆိုတဲ့နာမည်နဲ့ img ဖိုင်လေးတစ်ခုရောက်လာပါပြီ။
ဟုတ်ပြီး အဲ့ img ဖိုင်လေးရပါပြီဆိုရင် ကျွန်တော်ဘာဆက်လုပ်မလဲ ? ခုနက recovery မကောင်းတဲ့ဖုန်းကို flash မှာပေါ့ ? fastboot ကနေပဲ flash ပါမယ်။
power နှိပ် virbreat တုန်ရင် vol down ဖိတယ် ပထမဆုံးအကြောင်းရွေးမယ် ပြီးရင် vol up ကိုဖိထားမယ်
IN FAST BOOT MODE
ဆိုပြီး pink screen မှာငြိမ်နေရင် ကြိုးထိုးလိုက်ပါ။ အဲ့တာ fastboot mode ပါ။
ပြီးရင်တော့ ခုနက recovery.img လေးကို fastboot folder ထဲထည့်ပီး rename ပေးပါ recovery.img ဆိုပြီး။ပြီးရင်
fastboot flash recovery recovery.img ဆိုပြီးရိုက်လိုက်ပါ။အောက်ကပုံအတိုင်းပါ ။
flashing
ပြီးရင်တော့ အပေါ်ကနည်းအတိုင်းပဲ firmware ပြန်တင်လိုက်ပါတော့နော် ok ;)
Y320C firmware ကိုလိုချင်ရင် ဒီမှာဒေါင်းနိုင်ပါတယ်။   Download Here !!!!!!!
Y320C stock recovery ကိုလိုချင်ရင် ဒီမှာဒေါင်းနိုင်ပါတယ်။ Download Here!!!!!!!
ဒီပို့စ်လေးက ကျွန်တော် ပညာတွေ အချိန်တွေရင်းနှီးပြီး တင်ထားတဲ့ ပို့စ်မို့လို့ copy ယူပြီးဖော်ပြလျှင် creadit ပေးစေချင်ပါတယ်။ အမောပြေအောင်ပါ။
အဲ့လိုမျိုး recovery backup & restore က အလုံးတိုင်းမရပါဘူး။ ဖုန်းတစ်လုံးနဲ့တစ်လုံး သုံးထားတဲ့ cpu ပေါ်မူတည်ပီး block တွေကွာပါတယ်။ တော်ကြာ cbox ကနေ လာပြောနေမှာဆိုးလို့ :P
C8813, C8813D တင်တုန်းက step 2 fail dload လေးလည်း မူရင်းပိုင်ရှင် ဘယ်သူမှန်းမသိတော့တဲ့အဖြစ်တွေ ဖြစ်သွားတာတော့ ကျွန်တော်လုံးဝစိတ်မကောင်းဖြစ်မိပါတယ်။
share by MMAS

ALCATEL one touch 918 အား firmware ပြန်တင်ခြင်း

IMG_20131229_025327
ဟိုတစ်နေ့က မှ သင်တန်းမှ တပည့်တစ်ယေက် အကူအညီတောင်းလို့ပါ စမ်းဖြစ်တာပါ ဒီဖုန်းကို သူ firmware ဘယ်လိုမှရှာမရဖြစ်နေလို့ပါတဲ့ ကျွန်တော်လည်း စမ်းကြည့်မယ်ဆိုပြီး ယူထားလိုက်ပြီး ဒီနေ့မှတင်ဖြစ်တယ် ။ လွယ်လွယ်လေးပါ အင်တာနက်လိုင်းတော့ ကောင်းဖို့လိုပါတယ် :P WCDMA နဲ့ဆိုရတယ် ခ်ခ် :D
ဒီ tool လေးကို ဒေါင်းပြီး run လိုက်ပါ ။ ပြီးရင် အောက်ကအတိုင်းအဆင့်ဆင့်လုပ်သွားပါ ။ firmware သူ့ဘာသာသူတင်သွားပါလိမ့်မယ် :)
Download Here
1
press ok
1
model ရွေးပေးပါ ။ မိမိဖုန်း model သိချင်လျှင် battery ခွာလိုက်လျှင် ဖုန်းနောက်ကြောမှာရေးထားပါတယ် ။
1
press start
1
press next
1
Choose Yes
1
အပေါ်ကပုံလေးပေါ်လာရင် ဖုန်းကို ဓါတ်ခဲချွတ်လိုက်ပါ ပြီးရင် usb ကြိုးထိုးပါ ။ ပြီးရင် ဓါတ်ခဲ ပြန်တပ်ပါ ။
tool က သိပြီဆိုရင် အောက်ကပုံအတိုင်း အဆင့်ဆင့် firmware upgrade လုပ်သွားပါလိမ့်မယ် :)
asdfasdf
erwet
တင်ပြီးသွားရင် exit နဲ့ပြန်ထွက်လိုက်ပြီး ဖုန်းကို reboot ချပေးလိုက်ပါ ။ ပြန်တက်လာရင် firmware တင်ခြင်း ပြီးဆုံးပါပြီး ။
recovery ဆက်သွင်းချင်သူတွေကတော့ ဒီကောင်လေးဒေါင်းပြီး sp flashtool ကနေတင်လိုက်ပါ ။ အဆင်ပြေကြပါစေ :)
Scatter file
Recovery Image
share by MMAS

Saturday, December 7, 2013

ယိုးဒယား ဖုန်း i-mobile i691 ကို firmware ပြန်တင်ရအောင်

images
အ၇င်ဆုံး လိုအပ်တဲ့ Firmware လေးကို ဒီလင့် ကနေ ဒေါင်းလိုက်နော်
Dropbox Download Link 
Or
ဒေါင်းလို့ ရလာတဲ့ i691 zip လေးကို ဖြည်လိုက်ပါ ။ဖုန်း ကို Battery ဖြုတ်ပါ ခဏထားပြီး
ပြန်တပ်ပါ
( Battery အား အနည်းဆုံး 50% လောက်ရှိရင်တော့ အကောင်းဆုံးပေါ့နော် )
ပြီးရင် ဖုန်းကို ဘက်ကီး/ ကင်မရာကီး/ ပါဝါ ခလုပ်တွေ ကို အစဉ်လိုက်နှိပ်ပြီး သုံးခုလုံး ကို
တစ်ပြိုင်နှက် နှိပ်ပြီး Fastboot Mode ၀င်ပြီး PC နဲ့ ချိတ်ပြီး ဒေါင်းထားတဲ့ ထဲက downloadtool_1.0.1.3
ဖိုဒါလေးကိုဖွင်ပြီး CDMA_DOWNLOAD ဆိုတာလေးကို Dclick နှိပ်ပါ ဘောက်တစ်ခုကျလာရင် အဲထဲက
check download contet ကို နှိပ်ပေးပါ နောက်ဘောက်တစ်ခုကျ လာရင်
mbn file /amss.mbn/appsboot.mbn/ img file
ဆိုတာလေးတွေ ကို အမှန်ချစ်ပေးလိုက်ပြီးရင် Ok ဆိုတာလေးကို နှိပ်ပေးပါ။ နောက်ဘောက်တစ်ခုကျလာမယ်
အဲမှာ Browse ကိုနှိပ်ပြီး ခုဏက ဒေါင်းထားတဲ့ အထဲ က C8096_2011-09-11_SW ဆိုတဲ့ ဖိုဒါလေးကို သွားရွှေးပေးပြီး
Download ဆိုဒါလေးကို နှိပ်ပေးလိုက်ရင် Firmware ကို စတင်ရေးနေပါပြီ ခင်ဗျာ
100% ပြည့်ပြီး အဲအပေါ်လေးမှာ Download Success ဆိုပြီး ပေါ်လာပြီ ဆိုရင်တော့ မိတ်ဆွေ ရဲ့ i-mobile i691 လေးကို Firmware တင်ခြင်းပြီးဆုံးပါပြီခင်ဗျာ ဒီပိုစ်လေးကို တင်ဖြစ်အောင်ကူညီပေးကြတဲ့ Ko Innocent Love & Ko Hein Thu တို့ ကို အထူးဘဲ ကျေး ဇူးတင်ပါတယ် ခင်ဗျာ
share by MMAS

Y320-U01 firmware တင်နည်း

 Y320-U01 firmware
downloadhttp://d-h.st/H11

firmware တင်နည်းလေးပါပြောပြပေးလိုက်ပါတယ်၊သိပြီးသားသူတွေကိုတော့တောင်းပန်ပါတယ် မသိကြသေးသူများကိုပြန်လည်မျှဝေပေးလိုက်ပါတယ် download ရလာတဲ့ zip လေးကိုဖြေလိုက်ပါ။ဖိုဒ်သုံးဖိုဒ်ပါတဲ့ထဲက sd ဆိုတဲ့ဖိုဒ်ထဲက update ဆိုတဲ့ zip ဖိုဒ်လေးကို sd card အလွတ်ထဲကိုထည့်ပြီး ဖုန်းကို recovery mode ၀င်ပါ vol +\ power ကိုတွဲနှိပ်ပါ စက်ရုပ်ပုံလေးတွေ menu ကိုနှိပ်ပါ ညာဖက်အစွန်ဆုံးက ၀င်ပြီးသွားပြီဆိုရင် sd update လုပ်လိုက်ရင်အားလုံးအိုကေသွားပါပြီ
မှတ်ချက် တခြားဖုန်းတွေမှာ power ကီးလေးနဲ့အလုပ်လုပ်ပေမဲ့ ဒီမော်ဒယ်မှာတော့ menu နဲ့ပဲအလုပ်လုပ်ပါတယ်။

Thursday, December 5, 2013

Samsung Galaxy SII,SGH-T989(T-mobile Version)ကိုOfficial Jellybean(4.1.2)တင်ကြမယ်…

Android 4.1.2 Jelly Bean Features
•Google Now
•Smart Stay
•Direct call
•Pop-up Play
•Nature UX Touchwiz
•A lot better hardware performance such as camera etc.
Samsung Official Firmware တွေရဲ့ထုံးစံအတိုင်း Odin ကိုအသုံးပြုရပါမယ်။ Download Here.
Official Jellybean(4.1.2)For Samsung Galaxy SII,SGH-T989 Firmware File Download Here.
Samsung USB Driver.Download Here (Kies ရှိပြီးသားဆိုရင်တော့မလိုတော့ဘူး)
လိုအပ်တာလေးတွေဒေါင်းပြီးပြီဆိုရင်တော့…လိုအပ်တာလေးတွေပြောရအောင်… :)
1. Phone Battery ကို 100% ရောက်အောင်အပြည့်ဖြည့်ထားပါ။
2. USB Debugging ကို On ထားပါ။Setting>>Developer option>>USB Debugging.
3. အရေးကြီး SMS,Contact တွေကို Back-up လုပ်ထားပါ။
4. Windows 7 မှာလုပ်ဖို့ Recommended ပေးပါတယ်။ :)
ဒီလောက်ဆိုရင်တော့လုံလောက်ပါပြီ။Official တင်ကြရအောင်…
——————————————————————————————–
1. Samsung Driver ကိုinstall လုပ်ပေးပါ။ဒေါင်းလို့ရလာတဲ့ Odin ကိုဇစ်ဖြည်ပြီး Administrator mode ဖြင့်Run ထားပါ။Firmware File ကိုလဲဇစ်ဖြည်ထားပါ။
2. Odin ထဲမှာ ‘Auto Reboot’ and ‘F-Reset Time’ ကိုပဲအမှန်ခြစ်ထားပါစေ။ပြီးရင် PDA ကိုနှိပ်ပါ။Firmware File ထဲက T989UVMC6_T989TMB_T989UVMC6_HOME.tar.md5 ကိုရွေးပေးပါ။
odin photo
3. USB ကြိုးတစ်စကိုကွန်ပျူတာမှာချိတ်ထားပါ။Download Mode ၀င်ရအောင် S2 ကိုပါဝါပိတ်ပါ။ ပြီးရင် Vol up+ Vol down ကိုတွဲဖိထားပြီး USB ကြိုးဖြင့်ချိတ်ဆက်ပါ။Warning ပေါ်လာရင် Vol up တစ်ချက်နှိပ်ပါ။Odin မှ Detect သိသွားပြီး ID:COM box မှာအစိမ်းဖျော့ရောင်လေးပေါ်လာပြီဆိုရင်ရှေ့ဆက်လို့ရပါပြီ။
download mode   odin photo1
4. Odin မှStart ကိုနှိပ်ပါ။၁၀မိနစ်ခန့်ကြာအောင် Firmware တင်နေပါလိမ့်မယ်။ဖုန်းက Reboot ကျသွားပြီးOdin မှာ Pass ဆိုပြီးအစိမ်းရောင်လေးပေါ်လာတဲ့ထိစောင့်ပါ။ပြန်တက်လာပြီဆိုရင်တော့သင့်ဖုန်းဟာ Official Jellybean လေးနဲ့လန်းနေပါလိမ့်မယ်။
5. Firmware တက်လာပြီးသုံးကြည့်ရင်လေးနေတာကိုတွေ့ရပါမယ်။ဒါကြောင့်ပါဝါပြန်ပိတ်လိုက်ပါ။Recovery mode ၀င်ရအောင် Vol up + Vol down + power ကိုတွဲနှိပ်ပါ။Vibrate လေးတစ်ချက်တုန်ပြီး Samsung logo ပေါ်လာတဲ့အခါ power ကိုလွှတ်လိုက်ပါ။Vol keys ကိုတော့ဆက်ဖိထားပေးပါ။
6. Recovery mode ၀င်သွားတဲ့အခါမှာတော့ wipe cache partition & wipe data/factory reset လုပ်ပြီး Reboot လုပ်ပေးပါ။ဖုန်းပါဝါပြန်တက်လာရင် Set up လုပ်ပေးပြီးပြီဆိုရင်တော့ပေါ့ပါးသွက်လက်နေတဲ့ Official Jellybean လေးကိုအသုံးပြုနိုင်ပါပြီ။  :D
ထပ်ပြီး Root လုပ်ချင်တဲ့သူတွေအတွက်မနက်ဖြန်မှာတင်ပေးပါ့မယ်။
      share by MMAS
——————————————————————————————–
Screenshot ဖမ်းရတာအဆင်မပြေလို့ဓာတ်ပုံလေးပဲရိုက်ပြလိုက်တယ်… :P
IMG_20130607_114226 IMG_20130607_114350IMG_20130607_114204 

IMG_20130607_114455

Samsung Corby -Gt-s3850အား Firmware ပြန်တင်ခြင်း

corby
Samsung model တွေထဲမှာဒီမိုဒယ်ကနည်းနည်းရှားပါးမိုဒယ်ဖြစ်ပါတယ်။
အရင်ဆုံးလိုအပ်တဲ့ဖိုင်တွေကိုအောက်မှာဒေါင်းလိုက်ပါ။
Samsung kies အား ဒေါင်းပြီးမိမိရဲ့ကွန်ပျုတာတွင် အင်စတောလုပ်ထားပါ။ ပြီးလျှင် Firmware file အား Extract လုပ်လိုက်ပါ။အထဲမှာဖိုင်တွေရရှိလာမှာဖြစ်ပါတယ်။ပြီးလျှင်တော့မိမိရဲ့ကွန်ပျုတာမှာ Multiloader အား ဖွင့်ပေးလိုက်ပါ ။ပြီးလျှင် အောက်ကပြထားတဲ့ပုံထဲကအတိုင်းဖိုင်တွေကိုသူ့နေရာနှင့်သူထဲ့ပေးလိုက်ပါ။အဆင့် ၅ ဆင့်ဖြင့် ပြပေးထားပါတယ်။
www.

Samsung Galaxy S3-i9308-(China)-ကို Full File ပါတဲ့ Firmware-(v.4.0.4) တင်မယ်

samsung_gt-i9300_galaxy_s_iii
[i9308][FULL_SERVICE_LEAK_FIRMWARE]
Samsung Galaxy S3 -i9308(China)ကို Full File ပါတဲ့Firmware (v.4.0.4)-တင်နည်းလေးပါ။လိုအပ်တဲ့သူများအဆင်ပြေစေရန်ပြန်တင်ပေးလိုက်ပါတယ်။အရင်ဆုံးမိမိဖုန်းမှာ Usb Debugging ကိုအမှန်ခြစ်ပေးထားရပါမည်။လိုအပ်တဲ့ဖိုင်များကိုအောက်မှာဒေါင်းပါ။
===========================================
===============================================
ပေးထားတဲ့ဖိုင်များကိုဒေါင်းပြီးတဲ့အခါပထမဆုံးSamsung Usb Driver For Mobile ကိုမိမိရဲ့ကွန်ပျူတာမှာInstall လုပ်ပေးထားပါ။ကွန်ပျူတာတွင် Kies ရှိပါကခေတ္တExit လုပ်ပေးထားလိုက်ပါ။Firmware zip ကို Extract လုပ်ပေးထားပါ။။ပြီးလျှင် Odin ကိုRight Click–>> Run As Administrator နဲ့ဖွင့်ပေးလိုက်ပါ။ပြီးရင် Odin မှာ Auto Reboot,Re-Partition and F.Reset Time  ၃ခု စလုံးမှာအမှန်ခြစ်ပေးထားလိုက်ပါ။
Pit နေရာမှာ–GT-I9308_CHN_ZM_mx_20120329 Pit ဖိုင်ကိုထဲ့ပေးပါ။
PDA—>>နေရာမှာ CODE_I9308ZMALEA_581461_REV00_user_low_ship.tar ကိုထဲ့ပေးပါ။
PHONE—>>နေရာမှာ MODEM_I9308ZMALEA_581461_REV00_user_low_ship.tar ကိုထဲ့ပေးပါ။
CSC—>>နေရာမှာ CSC_CHM_I9308CHMALEA_581461_REV00_user_low_ship.tar ကိုထဲ့ပေးပါ။
 ဖုန်းကို Download Mode ဝင်ပါမယ်။–>>Vol Down+Home+Power တွဲနှိပ်ပြီး စာတမ်းလေးတက်လာလျှင် Vol Up ကီးကိုတချက်နှိပ်ပေးလိုက်ပါ။ပြီးလျှင် Usb ကြိုးဖြင့်ဖုန်းကိုကွန်ပျူတာနှင့်ချိတ်ပေးလိုက်ပါ။ Odin ရဲ့ ID:COM မှာမီးအပြာရောင်လေးလင်းနေရင်မိမိဖုန်းကိုOdin ကသိရှိပြီးဖြစ်ပါတယ်။အားလုံးနေရာမှန်ပြီဆိုရင်တော့Odin မှ Start ကိုနှိပ်ပေးလိုက်ပါ။၅မိနစ်လောက်ကြာရင် Odin မှာမီးအစိမ်းရောင်လေးနဲ့PASS ဆိုပြီးပြပြီးဖုန်းကAuto Reboot ကျသွားပါလိမ့်မယ်။Rebootကျပြီးပြန်တက်လာပြီးဖုန်းကပုံမှန်အနေအထားဖြစ်မှ Usb ကြိုးကိုဖြုတ်ပေးလိုက်ပါ။ဤတွင် Firmware တင်ခြင်းပြီးဆုံးလေသတည်း။
=============================@@@@@@@=====================================
ROOT လုပ်ခြင်သေးတယ်ဆိုရင် ဒီနေရာ မှာလေ့လာလိုက်ပါ။
=====================#@@@@@@@#====================
a6492479_s
attachment.php
share MMAS

မန်မာဘာသာစကားနဲ့ မြန်မာကီးဘုတ် ပါဝင်သော S3 (GT-I9300) 4.2.2 Firmware ကို ရယူနိုင်ပါပြီ။

Samaung Galaxy S3 (i9300) အတွက် မြန်မာစာဖောင့်/ ကီးဘုတ်ပါပြီး / Burmese Language ပါရွေးလို့ရတဲ့ မြန်မာစာမှန်တဲ့ Firmware ကို တင်ပေးလိုက်ပါတယ်။ သာမန် အသုံးပြုသူတွေအတွက်ရော Service သမားအားလုံးအတွက်ပါ အဆင်ပြေစေမှာပါ။ အရင် ထွက်ရှိထားတဲ့ i9300 4.2.2 (I9300XXUFME7) ကို မြန်မာစာဖောင့်နဲ့ ကီးဘုတ်အပြင် Language မှာပါ Burmese လို့ရွေးပြီးသုံးလို့ရပါတယ်။ Font ကို Samsung Zawgyi Font သုံးထားပါတယ်။ Galaxy S4 ရဲ့ official မြန်မာဖောင့် ပါပြီးသားထဲက ထုတ်ထားတဲ့ Font ပါ။ ကီးဘုတ်ကိုတော့ Frozen Keyboard 1.1.3 ကိုပဲ သုံးထားပါတယ်။ Frozen Keyboard Pro မသုံးတာက Expire Dateကြီးနဲ့ဆိုတော့ တော်ကြာ ရက်ပြည့်သွားရင် သုံးလို့အဆင်မပြေတော့မှာစိုးလို့ပါ။ Binary Count လုံးဝမတက်ပါ။ System Status လဲ Official ပါ။
Firmware တင်ပုံတင်နည်း
(1) I9300XXUFME7_I9300OXAFME7_YYL.zip ကို Download လုပ်ပါ။
(2) Odin ကို ဖွင့်ပါ။
(3) Zip ဖိုင်ကို ဖြည်ပြီးထွက်လာတဲ့ I9300XXUFME7_I9300OXAFME7_I9300XXUFME7_YYL.tar.md5 ကို PDA နေရာမှာထည့်ပါ။
(4) ဖုန်းကို power ပိတ်ပါ။
(5) Power + Home + Vol Down ခလုတ်သုံးခုကို တွဲနှိပ်ပြီး Download Mode ကို ၀င်ပါ။
(6) Usb ကြိုးကိုအသုံးပြုပြီး ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပါ။
(7) Start ကို နှိပ်ပါ။
(8) ဘယ်ဘက်အပေါ်ထောင့်က အပြာတန်းလေး ပြီးတဲ့အထိ စောင့်ပါ။ Pass လို့ ပေါ်လာရင် Odin ကို ပိတ်ပါ။ ကြိုးဖြုတ်ပါ။
(9) ဖုန်းရဲ့ recovery mode မှာ ၀င်နေတာတွေ့ရင် reboot system now ကိုရွေးပေးပါ။
(10) စက်တက်လာပြီဆိုရင်တော့ Language နေရာမှာ English (United State) ကိုပဲ ရွေးရွေး။ မြန်မာလိုပဲ သုံးချင်တယ်ဆိုရင်တော့ Burmese ကိုရွေးပါ။
S3 (GT-I9300) 4.2.2 မြန်မာစာဖောင့်/ ကီးဘုတ်ပါပြီး / Burmese Language ပါရွေးလို့ရတဲ့ မြန်မာစာမှန်တဲ့ Firmware ကို အသုံးပြုလို့ရပါပြီ။
Special Thanks to Sayar Phyo Nyi Nyi
Frozen Keyboard – Ko Thiha Aye Kyaw
Font – Zawgyi Team
Hotfile Uploader – Ko Moe Myat Thu Kha @ Yeeshin Mobile
Mediafire transload – Sayar Phyo Nyi Nyi
Dev-host transload – စက်ရုပ်များကြီးစိုးချိန်

Download Link များ

Hotfile Download

Mediafire Download

Dev-host Download


20130731_153514 Screenshot_2013-08-01-15-56-09
Screenshot_2013-08-01-15-22-54 Screenshot_2013-08-01-15-23-11

a13 rom update with sd card

http://www.youtube.com/watch?v=z_YMPvxsIJg

Godpad firmware

http://www.gopad.in.th/new/index.php/download

Web Link GoPAD03 - Sanei Super Clear Screen 8" - Android ICS - 4.0.3
Web Link GoPAD04 - Best Value 8" - Android ICS - 4.0.4
Web Link GoPAD06 - Sanei 7" - Android ICS - 4.0.4
Web Link GoPAD07 - Super Clear Screen 8" - Android ICS - 4.0.3
Web Link GoPAD08 - Best Value 9" - Android ICS - 4.0.4
Web Link GoPAD09 - Everlast 7" - Android ICS - 4.0.4
Web Link GoPAD13 - Freedom 3G 7" (old model) - Android ICS - 4.0.4
Web Link GoPAD13 - Freedom 3G 7" (new model) - Android ICS - 4.0.4
Web Link GoPAD16 - Genie 7" - Android Jelly Bean - 4.1.1
Web Link GoPAD17 - Zeus 7" - Android Jelly Bean - 4.1.1
Web Link GoPAD18 - Rock 'n' Roll 7" - Android Jelly Bean - 4.1.1
Web Link LiveSuit v1.09 - Firmware Update Tool (For WinXP only)
Web Link GoPAD Freedom 3G IMEI Tool (updated)
Web Link RK Batch Tool (For WinXP only)
Web Link GoPAD22 - All New Melody - Android Jelly Bean - 4.1.1
Web Link GoPAD19 - Amaze - Firmware Tool
Web Link GoPAD19 - Amaze - Android Jelly Bean - 4.1.1
Web Link GoPAD19 - Firmware Manual (Draft)