Sunday, March 16, 2014

Huawei ဖုန်းတွေမှာ IMEI ပျောက်သွားလို့စိတ်ပူနေတာလား

huawei
HuaweiSmartဖုန်းတွေမှာIMEIပျောက်ပြီးဖုန်းခေါ်မရသူတွေအတွက်ကျွန်တော်အကိုကိုတိုးအောင်ခိုင်
(ပျဉ်းမနား)မှရှာဖွေတွေ့ရှိထားတာလေးကိုပြန်လည်ဝေမျှလိုက်ပါတယ်။

ကဲစပါမယ်…..
ပထမဦးဆုံးအနေနဲ့ကတော့ဖုန်းရဲ့IMEIပျောက်မပျောက်အရင်စစ်ဆေးပါ့မယ်…။
စစ်ဆေးပုံကိုသိပြီးသားဖြစ်မှာပါ*#06#ကိုနှိပ်ပြီးစစ်ဆေးလိုက်ပါ။
IMEIမှာဘာမှမပေါ်တော့ပါဘူးဒါမှမဟုတ်nullပေါ်နေပြီဆိုရင်တော့သေချာပါတယ်…။
အောက်ကနည်းလေးအတိုင်းလုပ်ကြည့်လိုက်ပါ.ကျွန်တော်အကိုတိုးအောင်ခိုင်(ပျဉ်းမနား)ကတော့Huawei
U8825Dနဲ့ပြပေးတာဖြစ်ပါတယ်.
ကဲစလိုက်ရအောင်ဗျာ….
-ပထမဆုံးDialerကနေပြီးတော့*#*#2846579#*#*ကိုနှိပ်ပြီးengineering modeကိုဝင်လိုက်ပါ…..
-ပြီးရင်တော့ProjectMenu/Background setting/Usb ports setting and select Manufacture mode
ကိုရွေးပေးပါ….
-ပြီးရင်Back Keyကိုနှိပ်ပြီး Background setting ကိုဝင်ပြီး Qualcomm background open setting ကိုသွားပါ ပြီးရင်တော့ background openကိုရွေးပါ (pass is 0 (ZERO))
-ပြီးရင်တော့ဖုန်းကိုUnknown Sourceနဲ့USB DebuggingကိုOnထားလိုက်ပြီးဖုန်းကိုRestartချလိုက်ပါ။
-ကွန်ပျူတာမှာတော့DFS ToolကိုInstallလုပ်ပါ။DFS Toolမရှိပါက(http://cdmatool.com/download)မှာ
ဒေါင်းလိုက်ပါ။Install လုပ်ပြီးပြီဆိုရင်တော့DFS Toolကိုrunပြီးဖုန်းကိုကွန်ပျူတာနဲ့ချိတ်ဆက်လိုက်ပါ။
-ပြီးတော့PortsကိုသွားပြီးdbAdapter Reserved InterfaceကိုDouble Clickနှိပ်လိုက်ပါ။
-ပြီးရင်တော့Ports Windowကိုပိတ်လိုက်ပါ….၊
-Programming tabကိုရွေးလိုက်ပါ။ပြီးရင်တော့IMEIအကွက်ထဲမှာမိမိဖုန်းရဲ့IMEIနံပါတ်ကိုမှန်ကန်စွာရိုက်
ပြီးwriteလုပ်လိုက်ရုံပါဘဲ။
-ပြီးပြီဆိုရင်တော့Portsကိုပြန်သွားပြီးdbAdapter Reserved Interface ကိုdisableလုပ်လိုက်ပါ။ပြီးရင်တော့
ဖုန်းကိုဖြုတ်လိုက်ပါ။
-ပြီးရင်တော့engineering menuကိုပြန်ဝင်ပါ၊ပြီးရင်ProjectMenu/Background setting/Usb ports setting and select Normal modeကိုပြန်ရွေးပါ။
-ပြီးရင်Background settingကိုပြန်ဝင်ပြီးQualcomm background open settingကိုဝင်ပြီးbackground closeကိုရွေးလိုက်ပါ။
-ပြီးရင်တော့ဖုန်းကိုRestartလုပ်လိုက်ပါ။
ပြန်တက်လာရင်Sim-Cardထည့်ပြီးအသုံးပြုလိုက်ရုံပါဘဲ……
တစ်ချို့ဖုန်းတွေကတော့Firmwareပြန်ရေးတာနဲ့IMEIပြန်ရတတ်ပါတယ်….
Posted By: ထက်အောင်မိုး(ပျဉ်းမနားသား)

GSM Arena For Android

ကမ္ဘာပေါ်မှာ ဖုန်းတစ်လုံးချင်းစီရဲ့အသေးစိတ်အချက်အလက်များကိုအစုံလင်ဆုံးဖော်ပြပေးတဲ့ Website ရှိပါတယ်။ အဲဒါကတော့ GSM Arena ဖြစ်ပါတယ်။ ယင်း site ဟာဖုန်းတစ်လုံး အသစ်ထွက်လိုက်တာနဲ့ မိနစ်ပိုင်းမခြား အချိန်နဲ့တစ်ပြေးညီ ယင်းဖုန်းရဲ့
အကြောင်းကို အသေးစိတ်အချက်အလက်များနဲ့အတူ ဖုန်းရဲ့အားနည်းချက်အားသာချက်များကို ဖော်ပြပေးနေတာကြောင့် ဖုန်းတစ်လုံးအကြောင်းသိချင်သူတိုင်း ယင်း website ကိုမကြည့်လို့မရလောက်အောင်ကို စုံလင်မှုရှိလှတဲ့ နံပါတ် ၁ Mobile Reviews Website ဖြစ်ပါတယ်။ အခု Android ဖုန်းအသုံးပြုသူတွေအတွက် GSM Arena Website ကိုသီးသန့်ဝင်ကြည့်စရာမလိုအောင် ‘GSM Arena’ Mobile Application ကိုပြုလုပ်ပေးလိုက်ပါတယ်။ ဒီ application လေးကိုဖုန်းထဲမှာသွင်းထားခြင်းအားဖြင့် ကမ္ဘာပေါ်မှာထွက်ရှိထားသမျှ မိုဘိုင်းဖုန်းတစ်လုံးချင်းစီရဲ့အသေးစိတ်အချက်အလက်များကို ကိုယ့်ဖုန်းထဲကနေအချိန်မရွေးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီဆော့ဝဲလေးကိုအသုံးပြုရန် ဖုန်းမှာအင်တာနက်တော့ဖွင့်ထားဖို့လိုပါတယ်။
GSM Arena for Android ကိုအောက်က Link မှာရယူနိုင်ပါတယ်။
Google Play ၀င်လို့အဆင်မပြေသူများအနေနဲ့အောက်က link ကနေ GSM Arena for Android ကို Direct Download ရယူနိုင်ပါတယ်။
GSM Arena for Android အားရယူရန် (Direct Download Link)

Y320-C00 Service Tool For Android

Huawei Y320-C00 ဖုန်းများအတွက်သီးသန့်ထုတ်လုပ်ထားတဲ့ Android ဆော့ဝဲဖြစ်တဲ့ Y320-C00 Service Tool for Android ကိုတင်ပေးလိုက်ပါတယ်။ ဒီဆော့ဝဲကို Huawei Y320-C00 ဖုန်းများတွင် 73 , 31 SimCard မဖတ်ခြင်းများအတွက် အသုံးပြုနိုင်မှာဖြစ်ပါသည်။ Y320-C00 Service Tool for Android ကိုရေးသားသူကတော့ ကိုရဲလင်းအောင် (MPX Team) ဖြစ်ပါတယ်။ Y320-C00 Service Tool for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။

Z4Root V 1.3.0 For Android(Latest Versionn0

Android phone/Tablet ကိုင်ဆောင်သူများအတွက် မိမိတို့ဖုန်းထဲမှာတင် root လုပ်ပေးနိုင်မယ့်ဆော့ဝဲလ်လေး z4root ကိုတင်ပေးလိုက်ပါတယ်။ဒီဆော့ဝဲလ်လေးကို ဖုန်းထဲမှာ install လုပ်ပြီး(one click)အသုံးပြုရုံပဲဖြစ်ပါတယ်။Root ဖောက်ဖို့အတွက် ကွန်ပျူတာမလိုအပ်တာကြောင့် ဆောင်ထားသင့်တဲ့ဆော့ဝဲလ်လေးဖြစ်ပါတယ်။ဖုန်းတော်တော်များများကို Root ပြုလုပ်နိုင်တာတွေ့ရပါတယ်။Samsung,Htc,huawei,sony…စတဲ့ ဖုန်းမော်ဒယ်တော်တော်များကို Root ဖောက်နိုင်မှာပါ။ support ပေးထားတဲ့ Device စာရင်းကတော့ အောက်ပါအတိုင်းပါ။
Samsung Galaxy S (All variants)
Backflip
Sony X10
Xperia Mini
Droid 2
Galaxy Tab
Galaxy I5700
Galaxy 3 I5800
Droid X
Samsung Acclaim
Cricket Huawei Ascend
Motorola Cliq
Huawei 8120
Hero
G1
Optimus T
Droid 1
Garmin Asus A50
Motorola Defy
LG Ally
Motorola Flipside
Motorola Milestone 2
Dell streak
X10 Mini Pro
Smartq v7 android 2.1
Not compatible with PERMANENT root option
Desire (requires nand unlock)
Desire HD (requires nand unlock)
Magic (unknown)
Evo (requires nand unlock)
G2 (requires nand unlock)
Archos 70 (unknown)
myTouch 3G (unknown)
Wildfire
Droid Incredible
ရယူအသုံးပြုလိုသူများအောက်မှာယူနိုင်ပါပြီ။

Myanmar Input Method For Android

Android ဖုန်းတွေအတွက် မြန်မာစာကို ကီးဘုတ်မှာမရိုက်ဘဲ Screen ပေါ်မှာ မြန်မာအက္ခရာကို လက်ရေးနဲ့ရေးလိုက်ရုံနဲ့ စာရိုက်နိုင်မယ့် Myanmar Input Method for Android ကိုတင်ပေးလိုက်ပါတယ်။ Myanmar Input Method for Android apk ဖိုင် ၂ ဖိုင် ကိုအောက်က link မှာရယူနိုင်ပါတယ်။

Ref: www.dwhand.com

ဖုန်းကနေ မြန်မာစာတန်းထိုးရှပ်ရှင်ကားများ ထည့်ပြီးကြည့်ကြမယ်

ဖုန်းကနေ မြန်မာစာတန်းထိုးရှပ်ရှင်ကားများ ထည့်ပြီးကြည့်ကြမယ် ။
မည်သည့် Android ဗားရှင်းမဆို စာကိုမှန်ကန်စွာမြင်ရမှာဖြစ်ပါတယ် :) 
အရမ်းကိုလွယ်ကူပါတယ် 
မိမိဖုန်းထဲမှာ ကျနော့်ဖောင့်လေးကို ထည့်ပေးထားယုံနဲ့ ကိုယ့်မှာရှိတဲ့ Movie များကို စာတန်းထိုး srt ဖိုင်လေးထည့်ပြီး ကြည့်လို့ရမှာဖြစ်ပါတယ် ။
လိုအပ်သည့်…. ဆော့ဝဲများ / စာတန်းထိုးဖိုင်များ / ရှပ်ရှင်ကားများ / ကို အောက်တွင်လေ့လာပြီး ဒေါင်းယူပါ :) 
အရင်ဆုံး ”MM Subtitle Font-DjjoeMan(MMF)” ဆိုတဲ့ မြန်မာ TTF Font လေးကို ဖုန်းရဲ့တစ်နေရာမှာ ထည့်ထားလိုက်ပါ ။
ပြီးရင် ကိုယ်ကြည့်မည့်ကားနှင့် ထိုကား၏စာတန်းထိုးဖိုင်ဖြစ်တဲ့ srt ဖိုင်လေးကို ဖိုဒါတစ်ခုထဲမှာ နာမည်တူပေးထားပြီး ထည့်ထားလိုက်ပါ ။
ပြီးရင် MX Player Pro ကိုဖွင့်ပြီး ကြည့်လိုက်ယုံပါပဲ :)
အဲ့မှာ မြန်မာဖောင့်မပေါ်ပဲ တခြားဖောင့်တွေပေါ်နေပါမယ် အောက်ကရေးထားတဲ့အတိုင်း ကျနော့်ဖောင့်သွားအပ်ပေးလိုက်ပါ ။
ဗွီဒီယိုကို ဖွင့်ပြီးသည့်အခါမှာ MX Player Pro ထဲက Subtitle ရဲ့ Settings ထဲကိုဝင်လိုက်ပါ ။
Font ဆိုတဲ့ အတန်းကိုနှိပ်လိုက်ပါ ။
Select font folder ဆိုတာကို နှိပ်ဝင်လိုက်ပါ ။
( စာမတွေ့ပါက အောက်နားနည်းနည်းပွတ်ဆွဲချလိုက်ပါ )
အဲ့မှာ ရွေးချယ်ဖို့ရန် My File ထွက်လာပါမယ် ။ ဖောင့်ထည့်ထားတဲ့နေရာကိုသွားပြီး ကျနော့်ဖောင့် “MM Subtitle Font-DjjoeMan(MMF)” ဆိုတာလေးကို ရွေးပေးလိုက်ပါ ။
ကဲ…. မြန်မာစာ မှန်ကန်စွာပေါ်လာတာကို သင်တွေ့ရမှာဖြစ်သလို… မည်သည့် Android ဗားရှင်းမဆို စာကိုမှန်ကန်စွာမြင်ရမှာဖြစ်ပါတယ် :)
+++ ဖောင့်အပ်နည်းကို Video နဲ့ကြည့်ချင်သူများ ဒီမှာကြည့်ပါ +++
“MM Subtitle Font-DjjoeMan(MMF)” ကို လိုချင်သူများဒီမှာဒေါင်းယူပါ ဒေါင်းလော့လင့်အစုံနဲ့တင်ပေးထားပါတယ်

“MM Subtitle Font-DjjoeMan(MMF)” ဖောင့်ကို Dev-Host လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

“MM Subtitle Font-DjjoeMan(MMF)” ဖောင့်ကို Zippyshare လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

“MM Subtitle Font-DjjoeMan(MMF)” ဖောင့်ကို pCloud လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

“MM Subtitle Font-DjjoeMan(MMF)” ဖောင့်ကို FilePup လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။
MX Player Pro ကို လိုချင်သူများဒီမှာဒေါင်းယူပါ ဒေါင်းလော့လင့်အစုံနဲ့တင်ပေးထားပါတယ် 
MX Player Pro V1.7.23 ကို Dev-Host လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 7 MB ရှိပါတယ် ။

MX Player Pro V1.7.23 ကို Zippyshare လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 7 MB ရှိပါတယ် ။

MX Player Pro V1.7.23 ကို Tiny လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 7 MB ရှိပါတယ် ။

MX Player Pro V1.7.23 ကို FilePup လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 7 MB ရှိပါတယ် ။

MX Player Pro V1.7.23 ကို dataFile Host လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 7 MB ရှိပါတယ် ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မြန်မာစာတန်းထိုးလုပ်ပေးထားသော srt ဖိုင်များအား လိုချင်သူများ ဒီမှာသွားရောက်ဒေါင်းယူပါ
Credit to:DjjoeMan(MMF)