Sunday, March 16, 2014

GSM Arena For Android

ကမ္ဘာပေါ်မှာ ဖုန်းတစ်လုံးချင်းစီရဲ့အသေးစိတ်အချက်အလက်များကိုအစုံလင်ဆုံးဖော်ပြပေးတဲ့ Website ရှိပါတယ်။ အဲဒါကတော့ GSM Arena ဖြစ်ပါတယ်။ ယင်း site ဟာဖုန်းတစ်လုံး အသစ်ထွက်လိုက်တာနဲ့ မိနစ်ပိုင်းမခြား အချိန်နဲ့တစ်ပြေးညီ ယင်းဖုန်းရဲ့
အကြောင်းကို အသေးစိတ်အချက်အလက်များနဲ့အတူ ဖုန်းရဲ့အားနည်းချက်အားသာချက်များကို ဖော်ပြပေးနေတာကြောင့် ဖုန်းတစ်လုံးအကြောင်းသိချင်သူတိုင်း ယင်း website ကိုမကြည့်လို့မရလောက်အောင်ကို စုံလင်မှုရှိလှတဲ့ နံပါတ် ၁ Mobile Reviews Website ဖြစ်ပါတယ်။ အခု Android ဖုန်းအသုံးပြုသူတွေအတွက် GSM Arena Website ကိုသီးသန့်ဝင်ကြည့်စရာမလိုအောင် ‘GSM Arena’ Mobile Application ကိုပြုလုပ်ပေးလိုက်ပါတယ်။ ဒီ application လေးကိုဖုန်းထဲမှာသွင်းထားခြင်းအားဖြင့် ကမ္ဘာပေါ်မှာထွက်ရှိထားသမျှ မိုဘိုင်းဖုန်းတစ်လုံးချင်းစီရဲ့အသေးစိတ်အချက်အလက်များကို ကိုယ့်ဖုန်းထဲကနေအချိန်မရွေးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီဆော့ဝဲလေးကိုအသုံးပြုရန် ဖုန်းမှာအင်တာနက်တော့ဖွင့်ထားဖို့လိုပါတယ်။
GSM Arena for Android ကိုအောက်က Link မှာရယူနိုင်ပါတယ်။
Google Play ၀င်လို့အဆင်မပြေသူများအနေနဲ့အောက်က link ကနေ GSM Arena for Android ကို Direct Download ရယူနိုင်ပါတယ်။
GSM Arena for Android အားရယူရန် (Direct Download Link)

No comments: