Friday, October 31, 2014

Samsung Full/4Files Fimware Maker

Samsung Firmware File .tar.md5 ကို ဖိုင်စုံ Firmware / 4 Files Firmware ဖြစ်အောင်လုပ်ပေးမယ့် Utility လေးတစ်ခုပါ ။
ဒီဆော့ဝဲကိုအသုံးပြုဖို့ လိုအပ်ချက်အနေနဲ့
ကွန်ပျူတာမှာ .NET Framework 4.0 သွင်းထားရပါမယ်။
အသုံးပြုပုံအနေနဲ့
1 .Samsung Firmware File (tar.md5 file) ကို Open နိပ်ပီးရွေးပေးပါ
2 Unpack button ကို နိပ်ပါ
Make button နိပ်ပြီး 4Files Firmware ထွက်လာပါလိမ့်မယ်။
Samsung Full/4Files Fimware Maker ကိုရေးသားထားသူကတော့ TwizzyIndy (Myanmar MPX-Team) /ဦးဦးတွိတွိ  ဖြစ်ပါတယ်။ Samsung Full/4Files Fimware Maker ကိုအောက်က link မှာရယူနိုင်ပါတယ်။

Wednesday, October 29, 2014

iOS 8+ Jailbreak and Install CYDIA

OS 8 နှင့် 8.1 တင်ထားသူများအတွက် Jailbreak ကို Pangu မှ ထုတ်ပေးလိုက်ပါပြီ၊ ပထမဆုံး ထွက်လာတဲ့ version 1.0.0 မှာ Jailbreak သာ လုပ်နိုင်သော်လည်း Cydia ပါမလာသေးတဲ့အတွက် အလုပ်မဖြစ်ခဲ့ပါဘူး။ 

ဒီနေ့တော့ Pangu version 1.0.0 ကို ပြန်လည် ရုပ်သိမ်းသွားခဲ့ပြီး Cydia ကို install လုပ်နိုင်မယ့် version 1.0.1 ကို ထပ်မံ ထုတ်ပေးလိုက်ပါတယ်၊ ယခုအချိန်ထိတော့ Windows အတွက်သာ ရရှိသေးပြီး Macအတွက်တော့ မကြာမီ ထုတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်.. 

iOS 8 & 8.1 အတွက် Pangu Jailbreak ဟာ Untether jailbreak အမျိုးအစားဖြစ်ပြီး Jailbreak လုပ်ပြီးသွားတဲ့အခါမှ Cydia ကို သီးသန့် ထပ်မံသွင်းယူရမှာ ဖြစ်ပါတယ်။ 
iOS 8 & 8.1 သွင်းယူထားသော အောက်ပါ iDevice များအတွက် Jailbreak ပြုလုပ်နိုင်ပါတယ်။ 

  • iPhone 6, iPhone 6 Plus, iPhone 5s, iPhone 5c, iPhone 5, iPhone 4S
  • iPad Air, iPad 4, iPad 3, iPad 2
  • iPad mini, Retina iPad mini
  • iPod touch 5G

**Jailbreak အတွက် လိုက်နာ ပြင်ဆင်ရန်** 

- Jailbreak မပြုလုပ်မီ iDevice ၏ passcode ကို အရင်ဖြုတ်ပေးထားပါ။ (Settings -> General -> Passcode Lock On -> Turn Passcode Off

- Pangu jailbreak သည် iOS 8/8.1 ကို OTA update (Over-The-Air) Device မှ တိုက်ရိုက် update လုပ်ထားခဲ့ပါက မအောင်မြင်နိုင်သည့်အတွက်၊ Device ကို iTunes နှင့် ချိပ်ဆက်ကာ iOS 8.1 ကို ကျကျနန update လုပ်ထားဖို့ လိုပါမည်။ 

- မိမိရဲ့ Data များကို iTunes, iCloud တို့နှင့် BackUp လုပ်ထားပါ။ 

- iTunes version သည် latest version ဖြစ်ထားရပါမည်။ 

အထက်ပါအချက်လက်များ ပြည့်စုံသွားပြီ ဆိုပါက စတင်နိုင်ပါပြီ.. 

>> Download Pangu Jailbreak for iOS 8 & 8.1 (Windows) 

လုပ်ငန်းစဉ် 

၁) Download လုပ်ခဲ့သော Pangu exe file ကို Right click ခေါက်ပြီး "Run as Administrator" ရွေးပြီး ဖွင့်ပါ။ 

၂) Program တက်လာသည့်အခါ ဘယ်ဖက်နားရှိ "PP" ဟု ဖော်ပြထားသည့် Box ကို အမှန်ခြစ်ဖြုတ် (uncheck) လုပ်ကာ အပြာရောင် "Jailbreak" button ကို နှိပ်ပါ။ 

၃) ယခုအခါ Jailbreak လုပ်နေသည်ကို မြင်နေရပါပြီ။ ကြားထဲတွင် အမှတ်အသားပြထားသောနေရာ အပြာရောင် ပေါ်လာပါက တစ်ချက်နှိပ်ပေးရန် လိုအပ်ပါသည်။ 

၎) Device တွင် Restore လုပ်နေသည့် ပုံစံမျိုး မြင်တွေ့နေရပြီး jailbreak လုပ်နေစဉ် device သည် မကြာခဏ အလိုလျှောက် Reboot လုပ်နေပါမည်။ Jailbreak လုပ်ငန်းစဉ် တစ်ခုလုံးအတွက် အချိန် ၅-၁၀ မိနစ်ခန့် ကြာမြင့်ပါလိမ့်မည်။ 

၅) Jailbreak လုပ်ငန်းစဉ် ပြီးဆုံးသွားသည့်အခါ Device တွင် Pangu App ကို တွေ့ရပါလိမ့်မည်၊ ဒါဟာ Jailbreak ဖြစ်သွားပြီဆိုတဲ့ အမှတ် သင်္ကေတပါ။ 

ဲJailbreak ပြုလုပ်ခြင်း အဆင့်များ အောင်မြင်စွာ ပြီးဆုံးပါပြီ...
Cydia ကို ဆက်လက် သွင်းယူကြပါဦးစို့... 

Insatll OpenSSH 

၁) Cydia ကို install လုပ်နိုင်ရန် ပထမဦးစွာ Home screen ရှိ Pangu App ကို ဖွင့်လိုက်ပြီး "OpenSSH" ကို နှိပ်ပါ။ 

၂) ထို့နောက် Install လုပ်ပါ။ 

Cydia အတွက် မရှိမဖြစ် လိုအပ်သော .deb file နှစ်ခုကို အောက်တွင် Download လုပ်ထားပါ။ 

>> cydia-lproj_1.1.12_iphoneos-arm.deb
>> cydia_1.1.13_iphoneos-arm.deb 

**Cydia သွင်းယူရန် လိုအပ်ချက်များ** 

မိမိ Device နှင့် Computer နှစ်ခုစလုံးသည် တူညီသော Same Wi-Fi connection တွင် ချိပ်ဆက်ထားရမည်။
WinSCP software သွင်းယူထားရန် လိုအပ်သည်။ မရှိပါက.. 

>> Download WinSCP 

**Cydia ကို သွင်းယူခြင်း လုပ်ငန်းစဉ်** 

၁) iPhone, iPad.. ၏ Settings -> Wi-Fi သို့သွားကာ "i" ကို နှိပ်ပြီး IP Address ကို မှတ်သားပါ။ 

၂) Computer တွင် WinSCP ကို Run ပါ။ 

၃) Host name တွင် မှတ်ထားခဲ့သော IP Address ကို ဖြည့်ပါ။ User name တွင် root ဖြစ်ပြီး Password တွင် alpine ဟု ရိုက်သွင်းပြီး Login နှိပ်ပါ။ 

၎) ချိပ်ဆက်သွားပြီး အောက်ပါပုံအတိုင်း browser တက်လာပါက၊ ဘယ်ဖက်အခြမ်းတွင် .deb file သိမ်းထားသော path ကိုရှာပြီးထားပါ။ 
ညာဖက်တွင် root folder လမ်းကြောင်းကို ဝင်ထားပါ။ 

၅) ထို့နောက် ဘယ်ဖက်က .deb file နှစ်ခုလုံးကို ရွေးပြီး ညာဖက်အခြမ်းထဲသို့ Drag & drop ဆွဲထည့်လိုက်ပါ။ (password တောင်းလာပါက alpine) 

၆) ကီးဘုတ်က Ctrl + T ကိုနှိပ်ပါက ပုံပါအတိုင်း command box တက်လာပါမည်။ 

၇) Enter command: line ထဲတွင် အောက်ပါ စာကြောင်းကို ကူးယူ၍ တစ်ခါ Enter ခေါက်ပါ။
dpkg -i cydia-lproj_1.1.12_iphoneos-arm.deb cydia_1.1.13_iphoneos-arm.deb 

၈) iDevice ကို Reboot/Restart လုပ်ပါ 

၉) Device ပြန်တက်လာသောအခါ Cydia icon ကို Home screen တွင် မြင်ရပါလိမ့်မည်။ 

**UPDATE** 

အထက်ပါနည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်သေည်လည်း "Cydia" လုံးဝ မရရှိသူများ အောက်ပါနည်းလမ်းဖြင့် ကြိုးစားနိုင်ပါသည်။ 

၁) Cydia သွင်းယူခြင်း လုပ်ငန်းစဉ် အမှတ် (၁) မှ (၄) ထိ ပြန်လည်ဆောင်ရွက်ပါ။ 

၂) "Media" folder ကို ဖွင့်လိုက်ပါ။ 

၃) "Media" folder ထဲတွင် Folder အသစ်တစ်ခု ဖွဲ့လိုက်ပြီး "Cydia" ဟု အမည်ပေးပါ။ 

၎) "Cydia" folder ထဲသို့ ထပ်ဝင်၍ Folder အသစ်တစ်ခု ဖွဲ့လိုက်ပြီး "AutoInstall" ဟု အမည်ပေးပါ။ 

၅) ထို့နောက် ညာဖက်ရှိ (.deb) file နှစ်ခုလုံးကို Drag & Drop နှင့် "AutoInstall" folder ထဲသို့ ဆွဲထည့်လိုက်ပါ။ 

၆) WinSCP ကို လုံးဝ ပိတ်လိုက်ပါ။ 

၇) Device ၏ Power+Home button ကို တွဲလျက် နှိပ်ထားပါ။ ပိတ်သွားပြီး Apple Logo တက်လာမှ နှစ်ခုလုံးကို လွှတ်ပေးလိုက်ပါ။

၈) Cydia ကို မြင်တွေ့ရပါပြီ (အကယ်၍ မတွေ့ရသေးပါက အဆင့်(၇) ကို ထပ်မံ ဆောင်ရွက်ပါ။ 

ယခုဆိုရင် iOS 8 - 8.1 ကို Jailbreak လုပ်ပြီး Cydia ထည့်သွင်းခြင်း လုပ်ငန်း ပြီးမြောက်သွားပါပြီ... ဒါပေမယ့် "Cydia" ကို (လုံးဝ) (လုံးဝ) မဖွင့်သေးပဲ အောက်က Bootloop ပြဿနာဖြေရှင်းနည်းကို ဆက်ကြပါဦးစို့... 

>> Fixed Cydia Bootloop in iOS 8+ 

အားလုံး ချောမွေ့ကြပါစေ.. 

>> iOS 8+ နှင့် အဆင်ပြေမည့် Tweaks များ 

Sunday, October 26, 2014

iOS 8-8.0.1 ကို Jailbreak လုပ်နည်း ၊ Cydia ကို One Click သွင်းနည်း

iOS 8 မှ iOS 8.1 အထိ Jailbreak လုပ်နည်းကိုတင်ဆက်ပေးလိုက်ပါတယ်။ iOS 8 မှ iOS 8.1 အထိ Jailbreak ပြုလုပ်နိုင်မယ့် Device တွေကတော့အောက်ပါအတိုင်းပါ။
  • iPhone 6
  • iPhone 6 Plus
  • iPhone 5s
  • iPhone 5c
  • iPhone 5
  • iPhone 4s
  • iPad (2, 3, 4, Air, Air 2, mini 1, mini 2, mini 3)
  • iPod touch 5
Jailbreak လုပ်လို့ရနိုင်မယ့် Firmware Version တွေကတော့ အောက်ပါအတိုင်းပါ။

  • 8.0
  • 8.0.1
  • 8.0.2
  • 8.1
iOS 8 ကို Jailbreak လုပ်လို့ရပေမယ့် Jailbreak လုပ်ပြီးကာစမှာအရင်တုန်းကလိုတော့ Cydia က Built in မပါသေးပါဘူး ။ ကိုယ့်ဘာသာ Cydia ကို Manually ထပ်သွင်းရပါတယ်။ ဒါပေမယ့် အခု Jailbreak လုပ်တဲ့ Tool ရော Jailbreak လုပ်ပြီးရင် Cydia ကို One Click နဲ့သွင်းနိုင်မယ့် ခလုတ်ပါ  ပါဝင်တဲ့ Installer ကို ရုရှားဖိုရမ်တစ်ခုကနေတွေ့လို့ပြန်လည်မျှဝေလိုက်ပါတယ်။ ဒီ Installer လေးမှာ PanGu iOS 8 v1.0.1 ရော ၊ Jailbreak လုပ်ပြီးရင် Cydia ကိုဆက်လက်သွင်းနိုင်မယ့် ခလုတ်ပါထည့်ပေးထားပါတယ်။
ကဲ iOS 8-8.0.1 ကို Jailbreak လုပ်နည်း ၊ Cydia ကို One Click သွင်းနည်းကိုလေ့လာကြည့်ရအောင်။
Jailbreak ရော Cydia One Click Installer ရောပါလို့ ဆောင်ထားသင့်တဲ့ Tool လေးတစ်ခုပါပဲ။ အောက်က Link မှာရယူနိုင်ပါတယ်။

Jailbreak လုပ်ရန် အပေါ်မှာ Download ရယူခဲ့တဲ့ Installer ကိုဖွင့်ပါ။
Jailbreak မလုပ်ခင် ဖုန်းမှာ Passcode ကို off ထားဖို့လိုပါမယ်။ Setting > iCoud ထဲက Find My iPhone ကို off ထားဖို့လိုပါမယ်။ ပြီးရင်တော့ ဖုန်းနဲ့ကွန်ပျူတာနဲ့ကိုချိတ်ပြီး အခုပေးထားတဲ့ Installer ထဲက ပထမခလုတ်ကိုနှိပ်ပြီး Pangu iOS 8 Jailbreak Tool ကိုဖွင့်ပါ။
2
PP အမှန်ခြစ်လေးကိုဖြုတ်ပါ။
3
ပြီးရင် အပြာရောင်ခလုတ်လေးကိုနှိပ်ပြီး Jailbreak လုပ်ပါ။
4
ဖုန်းကို Jailbreak လုပ်ပြီးတာနဲ့ ဖုန်းထဲမှာ Pangu App လေးရောက်နေပါလိမ့်မယ်။
5
ယင်း Pangu App ထဲကိုဝင်ပါ။ OpenSSH ဆိုတာကိုနှိပ်ပါ။
6
OpenSSH ကိုသွင်း ပြီးရင် ခုနက Installer ထဲက ဒုတိယခလုတ် “Run Install Cydia” ကိုနှိပ်ပေးလိုက်ရုံပါပဲ။ အောက်ပုံထဲကအတိုင်း သူ့ဘာသာသူအလုပ်လုပ်နေပါလိမ့်မယ်။

GN9i JSCGN0k
ပြီးရင် မိမိတို့ရဲ့ iPhone/Pad/Pod touch ကို reboot ချပြီးပြန်တက်လာရင် Cydia ကိုသွင်းပြီးဖြစ်ပါလိမ့်မယ်။  ဂုဏ်ယူပါတယ်။ သင့်ရဲ့ iOS 8 တင်ထားတဲ့ iDevice ကိုအောင်မြင်စွာနဲ့ Jailbreak လုပ်ပြီးပါပြီ။

Ref: http://ukrainianiphone.com/forum/index.php?showtopic=39582
အားလုံးပဲအဆင်ပြေကြပါစေ။
Thet Naing Soe (Myanmar Mobile App Store)