Xiaomi Redmi 1S, Mi4, Mi3, Note, Pad တို့ကို MIUI ROM တင်နည်း
Xiaomi Redmi 1S, Mi4, Mi3, Note, Pad တို့ကို Official MIUI ROM တင်နည်းကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီပို့စ်မှာတော့ Xiaomi Redmi 1S, Mi4, Mi3, Note, Pad တို့ကို MIUI ROM တင်နည်းကို နည်းလမ်း (၂) မျိုးဖြင့် ရှင်းလင်းပြထားပါတယ်။ အဆင်ပြေတဲ့နည်းနဲ့ ROM Flash နိုင်ပါတယ်။
Updater app ကိုအသုံးပြု၍ MIUI ROM တင်နည်း
ဒီနည်းလမ်းကတော့ Xiaomi ဖုန်း/Tablet တွေမှာ Built-in ပါတဲ့ app ဖြစ်တဲ့ Updater app ကနေတစ်ဆင့် ROM Flash ခြင်းနည်းလမ်းပါ။
Step 1. သင့်ရဲ့ Xiaomi ဖုန်း/Tablet နဲ့ကိုက်ညီမယ့် နောက်ဆုံးထွက် MIUI ROM ကို အောက်က link ကနေအရင်ရယူပါ။
Step 2. Download လုပ်လို့ရလာတဲ့ ROM zip file ကို ဖုန်း/Tablet ရဲ့ Internal Storage/SD Card ထဲသို့ထည့်ထားပါ။
Step 3. Xiaomi ဖုန်း/Tablet ပေါ်က Updater app ကိုဖွင့်ပါ။ ပြီးရင် Menu Button ကိုနှိပ်ပါ။ Select installation ZIP file or Select Update package ကိုနှိပ်လိုက်ပါ။ ခုနက Internal Storage/SD Card ထဲမှာထည့်ထားခဲ့တဲ့ ROM file ကိုရွေးပေးလိုက်ပါ။ ပြီးရင် Update Now ကိုနှိပ်ပါ။ လုပ်ပုံအဆင့်ဆင့်ကိုတော့ အောက်မှာကြည့်ရှုပါ။
ROM Update လုပ်လို့ပြီးသွားပြီဆိုရင်တော့ Reboot Now သို့မဟုတ် Reboot to New version ကိုနှိပ်လိုက်ရုံပါပဲ။
ဒါဆိုရင် Xiaomi MIUI ROM latest/update version ကို သင့်ရဲ့ Xiaomi Device မှာအောင်မြင်စွာ Flash ပြီးသွားပါပြီ။
2. Flash MIUI ROM in Recovery
ဒုတိယနည်းအနေနဲ့ကတော့ Recovery Mode ထဲကနေ MIUI ROM တင်နည်းပါ။
Step 1. သင့်ရဲ့ Xiaomi ဖုန်း/Tablet နဲ့ကိုက်ညီမယ့် နောက်ဆုံးထွက် MIUI ROM ကို အောက်က link ကနေအရင်ရယူပါ။
Step 2. Download လုပ်လို့ရလာတဲ့ ROM ဇစ် File ကို update လို့နာမည်ပြောင်းပါ။ (update.zip ဖိုင်ပေါ့) ။ ပြီးရင် သင့်ရဲ့ Xiaomi ဖုန်း/Tablet ရဲ့ Internal Storage/SD Card ထဲသို့ထည့်ပါ။
Step 3. Xiaomi ဖုန်း/Tablet ပေါ်က Updater app ကိုဖွင့်ပါ။ ပြီးရင် Menu Button ကိုနှိပ်ပါ။ Reboot to recovery mode ကိုရွေးပါ ။ Reboot ကျပြီး Recovery Mode ထဲသို့ရောက်သွားပါမယ်။ ROM Brick ဖြစ်နေတဲ့အနေအထား ၊ ဖုန်းကိုပါဝါပိတ်ထားတဲ့အနေအထား ကနေ Recovery Mode ထဲကိုဝင်ချင်ရင်တော့ ဖုန်းကိုပါဝါအရင်ပိတ်ပါ။ ပြီးရင် Volume+ Key နဲ့ ပါဝါခလုတ်ကို တစ်ပြိုင်တည်းတွဲနှိပ်ပါ။ Screen လင်းမလာခင်အထိတွဲနှိပ်ထားပါ။
Step 4. Recovery Mode ထဲကိုရောက်သွားပြီဆိုရင်တော့ “English” ကိုရွေးပါ။ (အထက်အောက်ရွေးချယ်ရန် Volume Key များကိုအသုံးပြုပါ ။ ရွေးချယ်ရန် Power Button ကိုနှိပ်ပါ).
“Install Update zip..” Option ကိုရွေးပါ။
Installation Process ပြီးသွားပြီဆိုရင်တော့ “Reboot to System one” ကိုနှိပ်ပြီး ပြန်ထွက်လို့ရပါပြီ။
ဒါဆိုရင် Xiaomi MIUI ROM latest/update version ကို သင့်ရဲ့ Xiaomi Device မှာအောင်မြင်စွာ Flash ပြီးသွားပါပြီ။
အားလုံးပဲအဆင်ပြေကြပါစေ။
သက်နိုင်စိုး (Myanmar Mobile App Store)
No comments:
Post a Comment