Nokia touch ဖုန်းများတွင် ထည့်သွင်း
အသုံးပြုနိုင်သောမြန်မာကီးဘုတ်ရောပါတဲ့ SymbianMyanmar v3.0
ကိုတင်ပေးလိုက်ပါတယ် ။ ယင်းဆော့ဖ်ဝဲသည် မြန်မာစာ အသုံးများကို
ဖုန်းစနစ်များ အတွင်းတွင် ပြောင်းလဲသွားအောင် လုပ်ဆောင်ပေးနိုင်ပြီး SMS
ပို့ခြင်း အင်တာနက်ကြည့်ရှုခြင်း သီချင်း နားထောင်ခြင်းတို့နှင့် အခြား
office application များတွင်ပါ မြန်မာစာကို အသုံးပြုနိုင်မည်ဖြစ်သည်..။
ယင်းမြန်မာစာ စနစ်တွင် အသုံးပြုထားသော font အမျိုးအစားများမှာ ဇော်ဂျိ
နှင့် မြစေတီ font များကို သုံးစွဲထားခြင်းဖြစ်ပြီး ယင်းဖောင့်များ
ထည့်သွင်းထားသော ဖုန်းများသို့ SMS ပို့ရာတွင်လည်း တဖက်မှ SymbianMyanmar
ဆော့ဖ်ဝဲ မရှိရင်တောင်မှ ယင်းစာများကို
မြင်ရနိုင်မည်ဖြစ်သည်..။SymbianMyanmar v3.0 ကိုထည့်သွင်းလိုပါက series
60v5 ဖုန်းများဖြစ်သော Nokia 5800, N97, 5530, X6 အခြား Symmbian OS သုံး
Nokia touchScreen ဖုန်းများတွင် ထည့်သွင်းနိုင်မည်ဖြစ်သည်..။
လုပ်ဆောင်နိုင်တဲ့ features တွေအနေနဲ့
1. Contacts – မြန်မာစာသားများ ရေးသားနိုင်ခြင်း။
2. Message – မြန်မာစာသားဖြင့် ပေးပို့နိုင်ခြင်း။
3. Web Broswer – မြန်မာစာသားဖြင့် ရှာဖွေနိုင်ခြင်း။
4. Key Number – မြန်မာအက္ခရာအဖြစ် ပြောင်းလဲခြင်း။
5. Contact Bar – မြန်မာစာသားများ ရေးသားနိုင်ခြင်း။
6. Website – ဇော်ဂျီဖောင့်အား မြင်နိုင်ခြင်း။
7. File Name – ဇော်ဂျီဖောင့်အား အသုံးပြုနိုင်ခြင်းနှင့် အခြားသော အသုံးဝင်မှုများ။
(အထူးသတိပြုရမှာက – ဒီ application ကိုမသွင်းခင်မှာ ဖုန်းထဲမှာ မြန်မာစာပေါ်အောင်လုပ်ထားတဲ့ application တွေ ၊ font တွေကိုအရင်ဖြုတ်ထားဖို့ပါပဲ ။ error တက်နိုင်ပါတယ်) အောက်မှာ application ကိုရယူနိုင်ပါတယ်။
SymbianMyanmar v3.0 အားရယူရန် http://www.ziddu.com/download/14802522/SymbianMyanmarv3.0.rar.html
(application ကိုသွင်းပြီးရင် ဖုန်းကို restart ချပါ)
SymbianMyanmar ကိုဖုန်းထဲမှာမသွင်းခင် အောက်မှာပြောထားတဲ့ နည်းနဲ့ အရင်လုပ်ပါ ။နို့မို့ဆိုရင် SymbianMyanmar ကိုသွင်းရာမှာ error တက်ပါလိမ့်မယ်။
Certificate Error မဖြစ်အောင်သွင်းနည်း
http://www.myanmarmobileapp.com/?p=2065
share MMAS

No comments:
Post a Comment