Monday, January 26, 2015

Huawei Honor H30-L02 ROOT**

အရင် ဆုံး ဖုန်းကို bootloader unlock လုပ်ဖို့လိုပါတယ်..
၁။ ။ Product ID ဖုန်းခေါ်တဲ့နေရာမှာ *#*#1357946#*#* လို့ရိုက်ရင် Product ID ပေါ်လာပါတယ်
၂။ ။ IME ဖုန်း ဘက္ထရီခွာပြီးအောက်မှာကြည့်ပါ။
၃။ ။ S/N သူလဲ ဖုန်း ဘက္ထရီအောက်မှာ ခွာပြီးကြည့်ပါ။

အားလုံးပြီးသွားပြီဆိုရင် ဒီကို သွားပါ        Unlock code တောင်းပုံ အဆင့်ဆင့်ကို အောက်မှာ ပဲနဲ့ပြထားပါတယ် 


အပ်ါမှာ ပြထားတဲ့ နေရာတွေမှာ မှန်အောင်ထည့်ပြီးသွားရင် click here ဆိုတဲ့နေရာကို နှိပ်လိုက်ရင် unlock code ဆိုတဲ့နေရာမှာ code တစ်ခါတည်းပေါ်ပါတယ်.. ပေါ်လာတဲ့ code ကိုမှတ်ထားပါ။

ပြီးရင် adb folder လေးဒေါင်းပါ။

ဖုန်း driver ကိုတော့ သိအောင် တင်ထားပါ driver တော့ မတင်ပေးတော့ဘူး ooredoo နဲ့တင်ရတာ မစားသာဘူး။

adb rar ဖိုင်ကို ဖြေချပါ။
ဖုန်းကိုဖွင့်ပြီး ကွန်ပြူတာနဲ့ချိပ်ပါ။
adb folder ကိုဖွင့်ပါ။
ကွန်ပြူတာကီးဘုတ်က Shift ကိုဖိပြီး mouse right click ကိုနှိပ်ပါ
open command window here ကို နှိပ်လိုက်ရင် CMD box  ပေါ်လာမယ်..

၁။ ။ adb devices ကိုရိုက်ပါ။ ဖုန်းကို ကွန်ပြူတာကသိရင် attach ဖြစ်တယ်လို့ပေါ်လာလိမ့်မယ်
၂။ ။ adb reboot bootloader ကိုရိုက်ပါ။ fastboot mode ကိုရောက်သွားမယ်
၃။ ။ fastboot devices ကိုရိုက်ပါ ဖုန်း fastboot mode မှရှိနေရင် ဖုန်းကို attach ဖြစ်နေပါမယ်
၎။ ။ fastboot oem get-bootinfo ကိုရိုက်ပြီး unlock လား lock စစ်ပါ unlock ဆိုရင်တော့ ဘာမှဆက်လုပ်စရာမလိုဘူး။ lock ဆိုရင်တော့ အောက်က command ကိုဆက်ရိုက်ပါ။
၅။ ။ fastboot oem unlock xxxxxxxxxxxxxxxx (xxxx နေရာမှာ ခုနာက ရတဲ့ unlock code ကိုထည့်နော်)
ok ဖြစ်သွားပြီဆိုရင် ရပါပြီး သေချာအောင် ထပ်စစ်ကြည့်ရအောင်...
၆။ ။ fastboot oem get-bootinfo လို့ရိုက်ပြီးစစ်ရင် unlock လို့ပေါ်နေလိမ့်မယ် ဒါဆိုရင် ရပြီ
၇။ ။ fastboot reboot လို့ရိုက်ပါ။ ဖုန်းပြန်ပွင့်လာလိမ့်မယ်။

ဒီ unlock bootloader က factory reset မလုပ်ဘူး ဘာမှ မပျက်ဘူးပေါ့ မသေချာမှာစိုးရင် backupလုပ်ထားပေါ့ဗျာ..

ဖုန်းပြန်တက်လာရင် iroot နဲ့ကစ်လိုက်တော့ ဒါမှ မဟုတ် ကိုယ်အဆင်ပြေတဲ့ ကောင်နဲ့သာ ကစ်လိုက် root ပေါက်သွားလိမ့်။

မြန်မာစာပါပြီးသားနော် ထပ်မထည့်နဲ့ ကျနော်က google app ကို root ဖောက်ပြီးထည့်ချင်လို့ကလိတာပါ ကျနော်လို့ ကလိချင်သူတွေစမ်းလို့ရတာပေါ့.     အဆင်ပြေပါစေ

No comments: