Monday, January 25, 2016

android phone ကို ကိုယ် ပိုင် boot file လေးနဲ့ လန်းချင်သူများအတွက်


Regeneration Training Center 
android phone ကို ကိုယ် ပိုင် boot file လေးနဲ့ လန်းချင်သူများအတွက်
ပထမဆုံး phone ကို root ထားရပါတယ် ဘာလို့လဲဆိုတော့ root explorer apk ကို အသုံးပြုရမှာမို့ပါ
root explorer apk ကို ဖွင့်လိုက် ပါ။ ပြီးရင်
System>media
ထဲကို သွားလိုက် ပါ အဲဒီထဲက bootanimation.zip ကို copy ကူး ပြီး sd ကဒ်ထဲကို ထည့် လိုက် ပါ။ အဲဒါဆိုရင် SD ကဒ်ထဲက
bootanimation.zip ကို computer ထဲကူးပြီး zip ကို ဖြည် လိုက် ပါ။ ဖြည် ပြီးရင် ကို ယ့် ဖုန်းရဲ့ တက် လာရင် မြင်ရတဲ့ ပုံစံလေးကို
အဆင့်ဆင့် မြင်ရမှာပါ
part0, part1, part2 .. etc
part က အမျိုးမျိုး ဖြစ်နိုင်ပါတယ် တစ်ခုတည်းလည်း ဖြစ်နိုင်တယ် 5 ခုအထိ ဖြစ်နိုင်ပါတယ် ကို ယ့် ဖုန်းရဲ့ boot length
အတိုင်းပေါ့နော် အဲဒါကို နမူနာကြည့် ပြီးတော့ photo shop ကျွမ်းကျွင်သူတွေက ကိုယ့် စိတ် ကူးနဲ့ ဆွဲ မကျွမ်းတဲ့ သူတွေကတော့
အဲဒီ boot file လေးကို photoshop လေးနဲ့ နည်းနည်း edit လေးလုပ်လိုက် ပါ
အဲဒါလေးလုပ်ပြီးသွားရင် zip ဖိုင်နဲ့ တစ်ခါနည်း zip လိုက် လို့မရပါဘူး
bootcreator software လေးကို ဒေါင်းလိုက် ပါ
ဒေါင်းပြီးရင်အဲ software လေးကို ဖွင့်လိုက် ပါ
next ကို နှိပ်လိုက် ပါ
choose folder မှာ ခုနက ဖိုင်ဖြည် ထားတဲ့ folder ကို ရွေးပေးရမှာပါ
ဥပမာ ခုနက ဖိုင်ကို D>boot>part1,part2... လို သိမ်းထားတယ် ဆိုရင် boot ဆိုတဲ့ ဖိုဒါကို ရွေးပေးလိုက် ပါ
အဲဒါရွေးပေးလိုက် လို့ မှန်တယ် ဆိုရင် good ဆိုတာ ပြပါလိမ့်မယ် ဖိုဒါရွေးဒါ မှာနေရင် အနီရောင်စာတန်းနဲ့ ပြပါလိမ့်မယ်
ီအဆင့်မှာတော့ Set the properties အောက် က 480,854,30 ဆိုတာကို select မှတ် ပြီး edit ကို နှိပ်လိုက် ပါ အဲဒီမျာ
ကို ယ့် ဖုန်းရဲ့ height နဲ့ width ကို ထည့် ပါ pixels နဲ့ပါ ပြီးရင် 30 ဆိုတာကတော့ animation speed
ကို ပြောတာပါ ပြောင်းချင်လဲပြောင်းပေါ့ 30 ထက် တော့ မကျော် ပါနဲ့ အရမ်းမြန်သွားရင် မကောင်းတော့ ဘူး အဲ ပြီးရင် Add a
loop ဆိုတာကို နှိပ်လိုက် ပါ
အဲဒီမှာ choose a folder မှာ part1 တွေ part2 တွေ ပေါ်နေလိမ့်မယ် အကုန်လုံးကို အစဉ်လိုက် ထည့် လိုက် ပါ ပြီးရင်
bootanimation ဆိုတဲ့ နာမည် နဲ့ save လိုက် ပါ
save ပြီးသွားရင် အဲဒီ zip လေးကို SD ကဒ်ထဲ copy ကူးထည့် လိုက် ပါ။
ကူးထည့် ပြီးရင် root explorer လေးကို ဖွင့်လိုက် ပါ ခုနက ထည့် ထားတဲ့ bootanimation.zip လေးကို
System>media
ထဲကို ပို့လိုက် ပါ ပြီးရင် အဲဒီ zip ဖိုင်လေးကို ဖိပြီးတော့ permissions ဆိုတာကို နှိပ်လိုက် ပါ ပြီးရင် permission ကို ပေး ပြီး phone ကို restart ချလိုက် ပါ phone က ကိုယ် လုပ်ခဲ့တဲ့ boot file လေးကို အစားထိုးပြီး
တက် လာပါလိမ့်မယ်
ရေးသားသူ Kyaw Min Htet

No comments: