Monday, January 25, 2016

Apk Auto Installer (ADB Tool) ကိုယ်တိုင်တည်ဆောက်နည်း


MPPG 
Apk Auto Installer (ADB Tool) ကိုယ်တိုင်တည်ဆောက်နည်း
=======================
Android Phone Software Service ဆရာတို့အနေနဲ့ APK လေးတွေကို ဖိုဒါတစ်ခုထဲ စုပြုံထည့်ထားပီး လိုအပ် တဲ့အချိန် bat ဖိုင်လေး Run ပေးလိုက်တာနဲ့ ဆက်တိုက်ဆိုသလို ADB Command သုံးပီး apk install လုပ်ပေးမယ့် Tool လေးတစ်ခု အလွယ်တစ်ကူ တည်ဆောက်ကြည့်ရအောင်။ မိမိဆီမှာ apk ဖိုင်လေး တွေရှိ ပြီးသားဖြစ်ခဲ့ရင် adb.exe ရှိရုံလေးနဲ့ အလုပ်လုပ်လို့ရပါတယ်။
• အရင်ဆုံး ဖိုဒါအလွတ်တစ်ခုတည် ဆောက်ပြီး အထဲကို ဝင်လိုက်ပါ။
• နောက်ထပ် ဖိုဒါအသစ်တစ်ခုတည်ဆောက်ပြီး နာမည်ကို apk လို့ နာမည်ပေးလိုက်ပါ။
• နောက်တစ်ဆင့် အနေနဲ့ မိမိ install လုပ်လိုတဲ့ apk လေးတွေကို အဲ့ဒီ apk ဖိုဒါထဲမှာထည့်ထားလိုက်ပါ။
apk လေးတွေကို install လုပ်ပေးမယ့် adb လိုလာပါပီ။အောက်ပါ Link မှာ ဒေါင်းလုဒ်ယူလိုက်ပါ။ မိမိဆီမှာ အဆင်သင့်ရှိပြီးဆိုရင်လည်း ရှိ တဲ့ adb ကိုပဲ သုံးလို့ရပါတယ်။
• ဒေါင်းလို့ရလာတဲ့ ဇစ်ဖိုင်ကိုဖြည်လိုက်ရင် အထဲမှာ adb.exe, AdbWinApi.dll, AdbWinUsbApi.dll ဆိုတဲ့နာမည်နဲ့ ဖိုင်လေး ၃ ဖိုင် ရလာပါမယ်။ အဲ့ဒီ ဖိုင်လေး ၃ ဖိုင်ကို apk ဖိုဒါနဲ့ အတူတူထား ပေးပါ။
• နောက်တစ်ဆင့်အနေနဲ့ Right Click ကနေ New >Text Document တစ်ခုတည်ဆောက်လိုက်ပါ။
•New Text Document.txt ဖိုင်လေးကို ကလစ် ၂ ချက်ခေါက်ဖွင့်ပြီး အောက်ပါ command ၂ ကြောင်းရေးထည့်ပေးပါ။
=======================
@echo off
for %%i in (apk/*.apk) do adb install -r “apk/%%i”
=======================
အထက်က command ၂ ကြောင်းရေးပြီးတာနဲ့ File> Save as ကနေတစ်ဆင့် File name ကို installer.bat ဆိုတဲ့ နာမည်ပေးလိုက်ပါ၊
Save as Type:ကို All Files (*.*) ကိုရွေးပီး save လုပ်ပေးပါ။
အခုဆိုရင် apk installer လေးကို စတင်သုံးစွဲလို့ရပါပီ။ ဖုန်းကို PC နဲ့ချိတ် Driver သိပီဆိုတာနဲ့ installer.bat လေးကို ကလစ် ၂ ချက်ခေါက်ပြီး run ပေးလိုက်တာနဲ့ apk ဖိုဒါထဲမှာ ရှိတဲ့ apk လေးတွေကို adb install နဲ့ သွင်းပေးသွားပါလိမ့်မယ်။
မိမိကိုယ်တိုင်တည်ဆောက်ဖို့ အခက်အခဲရှိတဲ့ မိတ်ဆွေတို့အတွက် တည်ဆောက်ပြီးသား Tool လေးကိုလည်း download ရယူနိုင်ပါတယ်။
adb>>http://www.mediafire.com/download/tsn4waw0on18473/adb.zip
=======
Tool>>http://www.mediafire.com/…/cxgtae4pafpg9al/APK+Installer.zip

Samsung SHV-E210L Galaxy S III LTE Stock Rom


Samsung SHV-E210L Galaxy S III LTE Stock Rom – MediaFire Resume Download
Samsung SHV-E210L Firmware လေးကို အလွယ်တကူ Download ရယူနိုင်ရန်
MediaFire မှာတင်ပေးလိုက်ပါတယ်။

ANDROID TOTAL ROOT V1

Myanmar XDA
ANDROID TOTAL ROOT V1
KING ROOT
KINGO ROOT
SUPER ONE CLICK
SRS ROOT
SHUAME
ROOT GENIUS
VROOT
FRAMAROOT APK
KINGROOT APK
ROOT CHECK APK

OnePiece Zawgyi Installer



OnePiece Zawgyi Installer
======================
Android Version Alpha ကနေစပြီး အခုထိကော နောက်ထွက်မယ့် Android Version တွေအထိပါ အသုံးဝင်နေမယ် လို ခန့်မှန်းရတာပါပဲ 😁😁
Safe ဖြစ်ပါတယ် Firmware မကျဖို့ ၉၉ ရာနှုန်းးပါ.
Virus ဝင်နေတဲ့ဖုန်းတွေ မှာ သုံးမရပါ တစ်လုံးကြုံရပါတယ် virus သတ်ပြီးမှ ရပါတယ် .
UI ကို ပိုလုပ်လိုက်တော့ coding နဲနဲ ညံ့သွားပါတယ် အမှားပါနိုင်ပါတယ်
OnePiece Font style , OnePiece Anime Song (We Are) နဲ့ Pirate flag ထည်ချင့်လို့ အခွံကိုလုပ်မိတာ 😁
bat+sh နဲ့ရေးတာပါ . AutoPlay က အခွံပါ . ပိုက်ဆံမပေးရင် Encrypt လဲ လုပ်မရပါ (ဖာခ့် Auto play colonthree emoticon )
အသုံးပြုနည်းက Run ပါ နှိပ်ပါ စာပါတာတွေဖတ်ပြီး အဲ့ထဲကအတိုင်းလုပ်ပါ colonthree emoticon
ကိုယ့် coding ကို စိတ်တိုင်းမကျပါ အခွံကို အသားပေးနေမိလို့ 😢
စိတ်တိုင်းကျထပ်ပြင်ပြီးရင် update ထပ်ထွက်ပါအုံးမယ်
Credit က ဖောင့်ပိုင်ရှင် ကို ကျော်စွာသွင် နဲ့ ကီးဘုတ်ပိုင်ရှင် ကိုသီဟအေးကျော်ပါ 😄😄
ပိုကောင်းအောင်လုပ်နိုင်ဖို့ Feedback ပေးကြပါ 😄
အရင် beta tester တွေ ဘာသံမှ ပြန်မကြားရဘူး colonthree emoticon ၃ ယောက်လောက်ပဲ လာပြောတယ် squint emoticon
(Android Version Alpha ဆိုတာ ပထမဆုံး ပေါ်တဲ့ Android ပါ . Test အဆင့်ပဲရှိပါသေးတယ် colonthree emoticon)

Adb မှ Root လုပ်နည်း


Adb မှ Root လုပ်နည်း
================
အရင်ဆုံး မိမိ Computer မှာ ADB Driver ကိုအရင်သွင်းထားပါ
Phone ကို Computer နဲ့ချိတ်ကြည့်ပါ Driver သိပြီဆိုရင် စပြီးRoot ရအောင်
အောက်ကပေးထားတဲ့ Link လေးကို Downပါ
https://my.pcloud.com/publink/show?code=QtVctalK
Download လုပ်လို့ပြီးပြီဆိုရင် CMD ခေါ်ပါ့မယ်
CMD ခေါ်နည်းက အမျိုးမျိုးရှိပါတယ် အောက်မှာရှင်းပြထားပါတယ်
Deskstop ပေါ်မှာ Right Click နှိပ်ပီး Open Command with here ကိုနှိပ် (or)
Run box(Window + R) cmd လို့ရိုက်(or)
Start ထည်းက Search Box မှာ cmd ဟုရိုက်ပါ
ကြိုက်တဲ့ပုံစံနဲ့ခေါ်ပါ
ကဲ cmd box တတ်လာပီဆိုရင် ရိုက်ရမည့် Command တွေကတော့
အရင်ဦးဆုံး စောစောက Down ထားတဲ့ File တွေသွင်းမှာဖြစ်တဲ့အတွက် push command ကိုသုံးမှာပါ
CMD box ထည်းမှာ drive သိ မသိအရင်စစ်ပါ့မယ်
ကျွန်တော်အရင်က Adb အကြောင်းကို အနည်းအကျဉ်းတော့ပြောပြခဲ့ပြီးပါပြီ
အဲ့ဒါလေးတွေက ပြန်အထောက်အကူပေးမှာပါနော်
ဒီ busybox, su, superuser.apk File တွေကို
/data/local/tmp/ ထည်းသို့copy လုပ်ပါမယ်
adb push busybox /data/local/tmp
adb push su /data/local/tmp
adb push Superuser.apk /data/local/tmp
*****(Superuser.apk နဲ့ /data/local/tmp ကြားထည်းမှာ space ခြားပါတယ်)*****
ထို့နောက် Busybox နဲ့ Permission တွေပြောင်းခိုင်းပါမယ်
adb shell
chmod 6755 /data/local/tmp/su
chmod 755 /data/local/tmp/busybox
chmod 644 /data/local/tmp/Superuser.apk
ပီးရင်
shell command ရိုက်ခြင်းကို အဆုံးသတ်ရန်
exit
လို့ရိုက်လိုက်ပါ
reboot ချပါ Power ပိတ်ရ်ျသော်လည်းကောင်း ဒါမှမဟုတ်ADB မှ
Adb reboot
ဟုရိုက်ရင်လည်းရပါပြီ။
ပြန်တတ်လာရင်
cmd box ထည်းမှာ
adb shell
ဆိုပီးရိုက်လိုက်ပါ Root ရရှိတာကို တွေ့ရပါလိမ်မယ်
မှတ်ချက်။ ။ဖုန်းအားလုံးအဆင်မပြေနိုင်ပါ။မှားတာများမရှိအောင်တော့အတတ်နိုင်ဆုံးကြိုးစားတင်ပြထားပါတယ် ။
လေးစားစွာဖြင့်
Master Blate- နည်းပညာ

Titan Leader1 LCD fix


Titan Leader1 LCD fix
Titan Leader1 LCD Fix ဖိုင်လေးပါ။ကျနော်Back up ထုတ်ပြီး အဆင်ပြေလို ပြန် Upload ပေးလိုက်တာပါ။လိုအပ်တဲ့ သူများဒေါင်းပါ။

X-bo V11

New World Mobile
X-Bo V11 (MT6572 Flashtool Firmware)
==========================