Thursday, April 3, 2014

Note 2(GT-N7100)ကိုမြန်မာစာပါဝင်တဲ့ Android 4.3 ထိုင်း Firmware တင်နည်း




1-Computer မှာ Samsung USB Driver မရှိသေးရင် Download လုပ်ပြီး Install လုပ်ပါ။

2- Odin_v3.09.zip ကို Download လုပ်ပြီး Desktop ပေါ်မှာ Extract လုပ်ပါ။

Download Odin v3.09.zip

3- Firmware ကို Download လုပ်ပြီး Desktop ပေါ်မှာ Extract လုပ်ပါ။

Download Firmware

4-ဖုန်းမှာ USB Debugging ကို On ထားပြီး Battery 80% ရှိရန် လိုအပ်ပါတယ်။

5- Download mode ဝင်ပါမယ်။ ဖုန်းကို ပါဝါပိတ်ပြီး Volume Down + Home + Power Button သုံးခုကို တစ်ပြိုင်တည်း တွဲနှိပ်ပါ။ Warning! ပေါ်လာရင် Volume Up တစ်ချက်နှိပ်ပါ။

6-Download Mode ရောက်ရင် Odin ကို Run ပြီး ဖုန်းကို Computer နဲ့ ချိတ်ဆက်ပါ။ ID:COM Box မှာ အရောင်သမ်းလာရင် ဆက်လုပ်မယ်နော်။

7-Odin ထဲမှာ AP Button ကလွဲပြီး ကျန်တာဘာမှ မနှိပ်ပါနဲ့။ AP ဆိုတာ အရင်က PDA ပါပဲ။ Odin Version မြင့်လာတာကြောင့် မတူတော့ပါ။ အဲဒီ AP ကို နှိပ်ပြီး Desktop ပေါ်မှာ Extract လုပ်ထားတဲ့ .tar.md5 file ကို ထည့်ပါ။

8-အားလုံး စစ်ဆေးပြီး မှန်တယ်ဆိုရင် Start Button ကို နှိပ်ပါ။

9-Install ပြီးလို့ ID:COM Box မှာ PASS!! ပြရင် ဖုန်းက Reboot ဖြစ်သွားပါလိမ့်မယ်။

ပုံမှန်အနေအထား ပြန်ရောက်လာရင် ကြည့်လိုက်ပါ။ Note 2 က Android 4.3 Firmware နဲ့ လန်းနေပါလိမ့်မယ်။ မြန်မာစာ မှန်ပါတယ်။


Firmware details
Model: GT-N7100
Country: Thai
Version: Android 4.3 Jelly Bean
MODEM: THL-N7100XXUEML

Samsung Galaxy Note 2 N7100 ကို Official 4.3 မြှင့်ပြီး Root လုပ်ခြင်း

Samsung Galaxy Note 2 N7100 ကို Official 4.3 မြှင့်ပြီး Root လုပ်ခြင်း


Note 2 အတွက် official Firmware 4.3 Thai region နဲ့ ထွက်ရှိလာပါပြီ. မြန်မာစာတော့မပါသေးပါဘူး.. Root လုပ်ပြီးမှပဲ မြန်မာစာရမှာပါ..
ကဲ လိုအပ်တဲ့ Firmware လေး Download ဆွဲရအောင်.. Download ဆွဲရင် resume ရအောင် link ချိန်းပေးထားပါတယ်..

Note2 4.3 Firmware Link Download Here

Odin Download Here

Download ဆွဲပြီးရင် Firmware ကို ဖြည်ချလိုက်ပါ..ပြီးရင် phone ကို ပိတ်ပါ.
Download Mode ၀င်ပါ.. Vol Down + Home + Power ကိုစုံဖိထားရင် Waring စာသားတွေပေါ်လာရင်
Vol up ကိုနှိပ်ပေးလိုက်ရင် Download Mode ထဲဝင်သွားပါပြီ…
ပုံ(၁)
Odin ကိုဖွင့်ပါ..PDA နေရာမှာ ဖြည်ချထားတဲ့ Firmware ကိုရွေးပေးလိုက်ပါ..Download Mode ၀င်ထားတဲ့ phone ကို
computer နဲ့ ချိတ်လိုက်ပါ.Odin မှာ Driver သိသွားတာနဲ့  start ကိုနှိပ်ပေးလိုက်ပါ..ခန့် မှန်းခြေ ၁၀ မိနစ်ဝန်းကျင်လောက်ကြာပါတယ်..
ပုံ (၂)
firmware တင်ပြီးရင် Odin မှာ PASS ပေါ်ပါမယ်..  phone မှာ restart ကျပြီး official 4.3 လေးနဲ့ ပြန်တက်လာပါပြီ..
ပုံ(၃)
ပြီးရင် Root လုပ်ရအောင်ဗျာ.  Online မှာ N7100 4.3 အတွက် CF Auto root တွေ့ ပေမယ့် စမ်းကြည့်တာ အဆင်မပြေပါဘူး..
recovery တင်ပြီးတော့ပဲ root လုပ်ကြတာပေါ့..  လိုအပ်တဲ့ Custom Recovery ကို အောက်မှာ Down လိုက်ပါ..
Custom recovery download

Download Here CWM

Download SuperSu

ပြီးရင် phone ကိုပိတ်ပြီး download mode ၀င်လိုက်ပါ..
ပြီးရင် odin ရဲ့  PDA နေရာမှာ download ဆွဲထားတဲ့ recovery လေးကိုဖြည်ချပြီး ထည့်ပေးလိုက်ပါ..
odin မှာ reset ဖြစ်သွားပြီး firmware ပြန်တက်လာရင် recovery တင်ပြီးပါပြီ..
update super su လေးကို sd card ထဲထည့်ပြီး phone ကိုပြန်ပိတ်လိုက်ပါ..
Recovery mode ၀င်ပါမယ်..Vol up + Home + Power ကိုစုံဖိထားပါ..
Logo နှစ်ခါလောက်ပေါ်ရင် ခလုတ်အားလုံးစုံလွှတ်လိုက်ပါ..ပန်းရောင် screen လေးနဲ့ recovery ထဲဝင်သွားပါပြီ..
ပြီးရင် install zip > choose zip from sd card ကနေ update super su လေးကိုရွေးပေးလိုက်ပါ..
 ပုံ(၄) ပုံ(၅)
သူ့ ဟာသူ  install လုပ်နေပါမယ်.. done ဖြစ်သွားရင်တော့ back နဲ့ ပြန်ထွက်ပြီး reboot system now ကိုရွေးပေးလိုက်ရင်တော့ root လုပ်ခြင်းပြီးစီးပါပြီ..
ပုံ(၆)
4.3 တွေမှာမြန်မာစာ စာလုံးပေါင်းမှန်ပေမယ့် ယပင့်တွေအထဲဝင်နေခြင်း ငသတ်တွေလွဲနေခြင်း စတဲ့ပြသနာတွေရှိပါတယ်..
အဲ့ပြသနာကိုဖြေရှင်းရန် ကို Djjoe Man (MMF) ရေးထားတဲ့ Font changer လေးကိုသုံးလိုက်ပါ..

Font Changer Download Here

phone ထဲမှာ install လုပ်လိုက်ပါ..ပြီးရင် Install now ကိုနှိပ်ပြီး super su request တောင်းပါမယ်..
Grant နှိပ်ပေးလိုက်ပါ…ပြီးရင် restart ကျပြီး..မြန်မာစာကို မှန်ကန်စွာမြင်ရပါပြီ..အားလုံးအဆင်ပြေကြပါစေ…
ပုံ(၇)

Tuesday, April 1, 2014

C8815 Invalid Sim error

C8815 Invalid Sim error ကို ရှင်းလိုက်ရအောင်



Sim error ကိုရှင်းရတာ ခေါင်းကိုက်နေတဲ့ကိုကိုမမတွေအတွက်နော်
Vroot လေးနဲ့တော့အရင် root လိုက်အုံးဗျ
ပီးရင်ကြိုးထိုး ကလစ်ခေါက်.........
  ပြီးရင် Sim ထည့်ပီး....................................................
ဒီမှာ
>>DOWLOAD<<

huawei c8815 network error

ဆရာကိုသူရိန်စိုးဖန်တီးထာသော All In One Huawei Root Tool

ဆရာကိုသူရိန်စိုးရဲ့All In One Huawei Root Tool ဖြစ်ပါတယ်.. Huawei တွေ အားလုံး Root နိုင်ဖို့ ဒေါင်းယူထားသင့်ပါတယ်.. ဆရာသူရိန်စိုးကို ကျေးဇူးတင်ပါတယ်…..။

Huawei Y535-C00 Version 4.3 ကို Root လုပ်စရာမလိုပဲ Myanmar Font သွင်းကြမယ်။

Huawei Y535-C00 ကို Root လုပ်စရာမလိုပဲနဲ့ Myanmar Font ကို

နေရာအစုံမှာ မြင်ရအောင် သွင်းလို့ရမဲ့ .bat file လေးတစ်ခု ဝေမျှပေးလိုက်ပါတယ်။

တော်တော်ခေါင်းစားခဲ့ရတဲ့ Y535-C00 လေးပါ။

ခုတော့ Developer တစ်ဦးရဲ့ .bat file လေးကြောင့် မြန်မာစာလေး မြင်ခဲ့ရပါပြီ။

ကျတော် Developer name ကိုတော့သေချာ မသိတော့လို့ သက်ဆိုင်သူ အားလုံးကို

credit ပေးပါတယ်။

လုပ်ရတာလဲ မခက်ပါဘူး … Phone ကို Debugging mode on ပြီး PC နဲ့ connect 

လုပ်ပေးပြီး .bat file လေး ဖွင့်လိုက်တာနဲ့ သူ့ပါသာ အလုပ်လုပ်ပေးသွားပါတယ်။

Reboot ကျပြီးပြန်တက်လာရင်တော့ Myanmar Font ရရှိပါပြီ။

Keyboard ပါမလာရင် နှစ်သက်ရာ Keyboard ထည့်ပြီး အသုံးပြုနိုင်ပါပြီ။

လိုအပ်ရင်တော့…….

Y535-C00 Root & Myanmar Font Installer

Ref & Edited From – Super Ko Kyaw Blog
အရင်ဆုံး Y535 ကို Root ရအောင် ဖန်တီးခဲ့သော Developer DuWon Mobile က နိုင်လင်း ကိုလည်း Credit ပေးပါတယ် ……
Font ကတော့ Font Developer ကိုကျော်စွာသွင် Font ကို သုံးထားပါတယ်…..

ဒီ Tool ကိုမူရင်းပေါင်းစပ်ဖန်တီးသူကတော့ စူပါကိုကျော်ဖြစ်ပါတယ်….
ကျနော်ကတတ်သလောက်မှတ်လောက်နဲ့ပြန်ပြင်ရေးထားတာမို့ အမှားပါရင်လည်းခွင့်လွှတ်ပါလို့ ……..
ဒီမှာဒေါင်းပါ
Pass- pyinmanathar
အသုံးပြုနည်းကတော့ phone ကို Usb debugging & Unkown Sources ရယ်ကို on ပြီးတော့ ….
PC နဲ့ချိတ် Y535 Root Myanmar Font.bat ဖိုင် လေးကို run ပြီး Enter ခေါက် ပေးလိုက်ယုံပါဘဲ……
ပထမ reboot တခါကျပါလိမ့်မယ် ….
reboot တက်လာတဲ့အထိ Phone ကိုကြိုးမဖြုတ်ဘဲစောင့်ပေးပါ သူ့ဘာသူအလုပ်လုပ်သွားပါလိမ့်မယ်

1 ကို နှိပ်ပြီး Enter ကို ခေါက်လိုက် ပါ reboot ကျပြီး တက်လာလျှင် အဆင်ပြေသွားပါပြီ………….